စာပေဗိမာန်စာအုပ်ဆိုင်များတွင် စာအုပ်အမျိုးအစားစုံလင်စွာရရှိ
စာပေဗိမာန်စာအုပ်ဆိုင်များတွင် စာအုပ်အမျိုးအစားစုံလင်စွာရရှိ
Ministry of Information/ နေပြည်တော် / July 05, 2019

ရန်ကုန် ဇူလိုင် ၄
မြန်မာစာပေဖွံ့ ဖြိုးရေး၊ ပြည်သူများ စာဖတ်ခြင်းအလေ့တိုးပွားရေးနှင့် ပညာ ဗဟုသုတကြွယ်၀ ရေးတို့ကို ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် စာပေ ဗိမာန် စာအုပ်ဆိုင်များကို ရန်ကုန်၊ နေပြည်တော် နှင့် မန္တလေးတို့တွင် ဖွင့်လှစ်ရောင်းချလျက် ရှိသည်။
စာပေဗိမာန်စာအုပ်ဆိုင်များတွင် စာပေဗိမာန်ကထုတ်ဝေသည့် မြန်မာ့ စွယ်စုံကျမ်း အတွဲ ၁၅ တွဲ ၏ ဖြည့်စွက်ကျမ်းများဖြစ်သည့် နှစ်စဉ်ထုတ် မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ်များ၊ နိုင်ငံတကာထုတ် စာအုပ်စာစောင်များ မှ ကောင်းနိုးရာရာ အကြောင်းအရာများကို ဘာသာပြန်ဆိုထုတ်ဝေ သည့် လစဉ်ထုတ် သုတပဒေသာစာစောင်များ၊ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူဦးအုံးဖေ တည် ထောင်သော ပခုက္ကူစာပေဆုရ ပြည်သူ့လက်စွဲစာအုပ်များ၊ ၂၀ ရာစု မြန်မာစာပေ သမိုင်း တစ်လျှောက် ထွက်ပေါ်ခဲ့သည့် စာအုပ်စာပေများထဲမှ အထူးခြားဆုံး၊ အကောင်းဆုံးလက်ရာ များကို ရွေးချယ်စုစည်းထုတ်ဝေလျက်ရှိသည့် မြန်မာဂန္ထဝင်အတွဲ (၁၀၀)ဝတ္ထုရှည်စာစဉ် တွဲစာအုပ် များ၊ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသည့် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက် မှတ်တမ်း စာအုပ်များ၊ နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်း စာအုပ်များ၊ နိုင်ငံတော်အဆင့်အစည်း အဝေး မှတ်တမ်းစာအုပ်များ၊ နိုင်ငံတော် ပြန်တမ်းများအပါအဝင် စာအုပ်အမျိုး ပေါင်း ၅၄၀ ကျော်နှင့် အစိုးရဌာနများမှ ထုတ်ဝေသော စာအုပ်အမျိုးအစား ၂၄၀ ကျော်၊ ပြည်ထောင်စုလွှတ်တော်၊ ပုဂ္ဂလိ က စာပေတိုက်များမှ ထုတ်ဝေသည့် ဥပဒေစာအုပ်အမျိုးအစား ၄၀၀ ကျော်နှင့် သုတ၊ ရသ စာအုပ်အမျိုးအစား ၁၂၀၀၀ ကျော်တို့ကို စုံလင်စွာရောင်းချပေးလျက် ရှိသည်။
စာပေဗိမာန်စာအုပ်ဆိုင်(ရန်ကုန်) ကို အမှတ်-၅၂၉/၅၃၁ ကုန်သည်လမ်း တွင် ဖွင့်လှစ်ရောင်းချ လျက်ရှိပြီး စာပေ ဗိမာန်စာအုပ်ဆိုင် (ရန်ကုန်)တွင် အခြား စာပေတိုက်ထုတ်စာအုပ်များ စုံလင်စွာ ရရှိနိုင်ကာ စာပေဗိမာန်ထုတ်စာအုပ် များကို လက်လီလက်ကား ဝယ်ယူရရှိနိုင်သည်။ စာပေ ဗိမာန်စာအုပ်ဆိုင် (ရန်ကုန်) နှင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် - ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်နိုင်သည်။
စာပေဗိမာန်စာအုပ်ဆိုင် (နေပြည်တော်) ကို အမှတ်(တ-၅၅)၊ သပြေကုန်းဈေးတွင် ဖွင့်လှစ် ရောင်းချလျက်ရှိပြီး စာပေဗိမာန်စာအုပ်ဆိုင် (နေပြည်တော်) နှင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် - ၀၆၇- ၃၄၁၄၆၈၁ သို့ ဆက်သွယ်နိုင်သည်။
စာပေဗိမာန်စာအုပ်ဆိုင်(မန္တလေး) ကို ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား တွင် ဖွင့်လှစ်ရောင်း ချလျက်ရှိပြီး စာပေ ဗိမာန်စာအုပ်ဆိုင် (မန္တလေး) နှင့် ဆက်သွယ်လိုပါက ဖုန်းနံပါတ် - ၀၂- ၄၀၃၀၁၈၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်