COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ
Ministry of Information/ နေပြည်တော် / July 02, 2020
နေပြည်တော် ဇူလိုင် ၂
၁။ (၁-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးရာတွင် -
-အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ဒုတိယအသုတ်) စစ်ဆေးပြီးခဲ့သော ဓာတ်ခွဲနမူနာ (၃၉၃)ခုတွင် -
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁)ဦး တွေ့ရှိခဲ့ပါသည်။
၂။ (၂-၇-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၀၄) ဦးရှိပြီ ဖြစ်ပါသည်။
၃။ (၁-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၇၆၉)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၇၅)ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၂၄)ခု နှင့်
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၇၂)ခု၊
- စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၃၄၀)ခုအား စစ်ဆေးခဲ့ပါသည်။
#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ