Myanmar Foreign Trade Bank (MPU New Product (IBFT- Inter Bank Fund Transfer)) Online Phone Billing System

Myanmar Foreign Trade Bank (MPU New Product (IBFT- Inter Bank Fund Transfer))


Ministry of Planning and Finance / October 07, 2021

 

၁။      IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို မိမိဘဏ်၏ ATMများတွင် အောက်ပါအတိုင်း ငွေလွှဲပြောင်းနိုင်ပါသည် -

          (၁-က)   MFTB ATM တွင် MFTB Card မှ အခြားဘဏ် MPU Card (eg.MWD) သို့ လည်းကောင်း

          (၁-ခ)    MFTB ATM တွင် အခြားဘဏ် MPU Card (eg. Yoma) မှ အခြားဘဏ် MPU Card ( eg. Yoma)သို့ လည်းကောင်း

          (၁-ဂ)    MFTB ATM တွင် အခြားဘဏ် MPU Card (eg. Yoma) မှ အခြားဘဏ် MPU Card ( eg. Shwe)သို့ လည်းကောင်း

၂။       IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို အခြားဘဏ်၏ ATM များတွင်လည်း အောက်ပါအတိုင်း ငွေလွှဲပြောင်းနိုင်ပါသည် -

          (၂-က)   အခြားဘဏ် ATM တွင် MFTB Card မှ MFTB Card သို့ လည်းကောင်း

          (၂-ခ)     အခြားဘဏ် ATM တွင် MFTB Card မှအခြားဘဏ် MPU Card (eg. UAB) သို့ လည်းကောင်း

          (၂-ဂ)    အခြားဘဏ် ATM တွင် အခြားဘဏ် MPU Card (eg. CHDB) မှ MFTB Card သို့လည်းကောင်း

၃။      IBFT (Inter Bank Fund Transfer) ငွေလွှဲခြင်းဝန်ဆောင်မှုကို တစ်နေ့လျှင် အနည်းဆုံး ကျပ်တစ်ထောင် (၁,၀၀၀/-) မှ အများဆုံးကျပ်သိန်းတစ်ရာ (၁၀,၀၀၀,၀၀၀/-) အထိ လွှဲပြောင်း နိုင်မည်ဖြစ်ပါသည်။ ဝန်ဆောင်ခ အနေဖြင့် ပုံသေ ကျပ် (၂၀၀/-) နှင့် ငွေလွှဲပြောင်းသည့် ပမာဏ ၏ ( ၀.၀၅% )ကို လွှဲပြောင်းသူ၏ ATM Card Account မှ ကောက်ခံမည်ဖြစ်ပါသည်။

၄။      ယင်းငွေလွှဲဝန်ဆောင်မှုကို လတ်တလောတွင် IBFT (Inter Bank Fund Transfer) ဆောင်ရွက်ပြီးစီးသော MPU အဖွဲ့ဝင်ဘဏ်များဖြစ်သည့် Yoma, Shwe, UAB, RDB, MWD, CHIDB များ၏ ATM များနှင့် ATM Card များသို့သာ  ငွေလွှဲပြောင်းနိုင်မည်ဖြစ်ပါသည်။

Website လိပ်စာ

https://www.mmftb.gov.mm/

FAQs

Online Phone Billing System


Ministry of Planning and Finance / April 19, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

Post Paid စနစ်သုံး ရန်ကုန်၊ မန္တလေးမြို့များရှိ ကြိုးဖုန်း၊ မိုဘိုင်းဖုန်းများကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်၊ ရန်ကုန်(၁)၊(၂)၊ (၅)၊ ရန်ကုန် ငွေစုဘဏ်ခွဲ (၃)၊ မန္တလေး (၁)၊(၂)၊ မြန်မာ့စီးပွားရေးဘဏ်မှ ခန့်အပ်ထား သည့် ပြင်ပအေးဂျင့် (၂၆) ဦးထံတွင် ပေးဆောင်နိုင်ပါသည်။

ဝန်ဆောင်ခ

ဖုန်း(၁)လုံး (၁) ကြိမ်ပေးဆောင်ခြင်းအတွက် (၂၀၀)ကျပ် တိတိ

လိုအပ်သောစာရွက်စာတမ်းများ

မရှိပါ။

 

လျှောက်ထားရန်အဆင့်များ

ဖုန်းဘီလ်ပေးဆောင်လိုသူသည် လျှောက်ထားရန်မလိုပါ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ခန့်အပ်ထားသော ပြင်ပ အေးဂျင့်များထံတွင် ငွေသား တိုက်ရိုက် ပေးသွင်းခြင်း (သို့မဟုတ်) ဘဏ်တွင်Standing Instruction ​ပေးထားပြီး မိမိဘဏ်စာရင်းမှ လစဉ်ဖုန်းဘီလ်ကျသင့်ငွေကို ခုနှိမ်ပေး သွင်းစေခြင်းနည်းများဖြင့် ဆောင်ရွက်နိုင်ပါသည်။

ဆက်သွယ်ရမည့် လိပ်စာ

မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)၊ သုတေသန၊ လေ့ကျင့်ရေး နှင့်ပြည်သူ့ ဆက်ဆံရေးဌာန၊ နေပြည်တော်။

ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာများ

  • မြန်မာ့စီးပွားရေးဘဏ်ခွဲ ရန်ကုန်(၁)၊(၂)၊(၅)၊
  • ငွေစုဘဏ်ခွဲ (၃) ရန်ကုန်၊ မန္တလေး(၁)၊(၂)၊ နေပြည်တော်၊
  • City Mart Holding Co.,Ltd၊
  • Super One Co.,Ltd၊
  • Today Top Star General Services Co.,Ltd၊
  • Myanmar Banner Services Co.,Ltd၊
  • United Living Mall၊
  • Fancy House Beauty Spa၊
  • Victoria ကုန်တိုက်၊
  • Asia Light Super Market၊
  • Myanmar Soft Gate Technology၊
  • ကျောက်မြောင်းစတိုး၊
  • မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်(ရန်ကုန်)၊
  • မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်(မန္တလေး)၊
  • ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက်(ရန်ကုန်)၊
  • ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက်(နေပြည်တော်)၊
  • အောင်စင်္ကြာကုမ္ပဏီ၊
  • Smooth International Co.,Ltd၊
  • Geocomp Myanmar Co.,Ltd၊
  • Myanmar Computer Co.,Ltd၊
  • Good Friend Phone Bill Services, Mandalay၊
  • Mega Mobile Services Co.,Ltd, Mandalay၊
  • Express Bill Services (EBS)၊
  • စွမ်းဆောင်ရည်ကုမ္ပဏီလီမိတက်၊ ရန်ကုန်မြို့၊
  • Shopping Mall Myanmar Co.,Ltd၊
  • Internet Wallet Myanmar Co.,Ltd၊
  • Computer Training၊
  • တော်ဝင်နန်းအထည်ဆိုင်၊

Website လိပ်စာ

www.meb.gov.mm