စုပေါင်းအသက်အာမခံ
စုပေါင်းအသက်အာမခံ
Ministry of Planning and Finance / August 13, 2024
ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
အလုပ်ရှင်၏ ဆန္ဒအရသော်လည်ကောင်း (သိုမဟုတ်) အလုပ်သမားများ၏ ဆန္ဒအရ သော်လည်းကောင်း အာမခံထားရှိနိုင်ပါသည်။ အသက်(၁၈)နှစ် မှ (၆၅)နှစ် အတွင်း ရှိသူ ဖြစ်ရပါမည်။ အနည်းဆုံး အလုပ်သမား (၅) ဦး ရှိရပါမည်။
ဝန်ဆောင်ခ
အာမခံထားငွေကျပ် ၁၀၀၀၀/- အတွက် တစ်နှစ်ကျသင့်ပရီမီယံမှာ ကျပ် ၁၀၀/- ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။ အလုပ်ရှင်က အလုပ်သမား များ ကျန်းမာကြောင်းထောက်ခံချက်ပါရှိရပါမည်။ အာမခံထားငွေအနည်းဆုံး ကျပ် ၁၀၀၀၀/- မှ အများဆုံး ကျပ် သန်း၅၀ အထိ ထားရှိနိုင်ပါသည်။
- အသက်(၁၈)နှစ်မှ(၄၅)နှစ်အထိ အာမခံထားငွေ ကျပ် ၁ သန်းအထိ ဆေးစစ်ခြင်း ကင်းလွတ်ခွင့်ဖြင့် လက်ခံပါသည်။
- အသက်(၄၅)နှစ် ကျော်လျှင်သော်လည်းကောင်း၊ ကျပ်(၁)သန်း အထက် ကျော်လျှင် သော်လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အသိအမှတ်ပြု ဆရာဝန် (သို့မဟုတ်)ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ်ရပါမည်။
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံပေးသွင်းခြင်း
အဆင့်-၃
ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- ထာဝစဉ်မစွမ်းမသန်ဖြစ်၍ လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် အာမခံထားငွေ၏ ၁၀၀% အကျိုးခံစားခွင့်ထုတ်ပေးပါသည်။
- အာမခံထားသူများစာရင်းတွင်ပါဝင်သည့် အလုပ်သမားတစ်ဦးသည် အလုပ်ခွင်မှ အပြီးထွက်လျှင် သော်လည်းကောင်း၊ထုတ်ပယ်ခြင်းခံရလျှင် သော်လည်းကောင်း၊ ယင်းနေ့ရက်နောက်ပိုင်း သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းအတွက် နစ်နာကြေး ရခွင့် မရှိပါ။
- အလုပ်သမားကိုယ်တိုင် ပြစ်မှုကျူးလွန်ရာမှ ရရှိသော ဒဏ်ရာအတွက် နစ်နာကြေး ရခွင့်မရှိပါ။
- အလုပ်သမားကိုယ်တိုင် ဒဏ်ရာရရှိအောင်ဆောင်ရွက်ခြင်းမှ ရရှိသောဒဏ်ရာအတွက် နစ်နာကြေးရခွင့်မရှိပါ။
- အလုပ်သမားများသည် အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ဒဏ်ရာရခြင်းဖြစ်ပါက (၁) လ အတွင်း မြန်မာ့အာမခံလုပ်ငန်းသို့သတင်းပို့၍ အကျိုး ခံစားခွင့်တောင်းခံရမည်။