ကျန်းမာရေးအာမခံ(Covid-19 အပိုဆောင်း အပါအဝင်)


Ministry of Planning and Finance / August 16, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၆ နှစ် မှ ၇၅ နှစ် အထိ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း ထားရှိနိုင်ပါသည်။ အသက် ၆ နှစ် မှ ၁၈ နှစ် အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။

 

ဝန်ဆောင်ခ

အခြေခံအာမခံအကာအကွယ်၊ ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၁) နှင့် (၂) တို့ကို  တွဲဖက်၍ ထားရှိနိုင်ပါသည်။ အခြေခံအာမခံအကာအကွယ် ဝယ်ယူပြီးမှသာ ရွေးချယ်နိုင်သည့် အကာအကွယ်များကို ဝယ်ယူနိုင်ပါသည်။ တစ်ယူနစ်မှ အများဆုံး ၂၅ ယူနစ်အထိ ဝယ်ယူနိုင်ပြီး အသက်ပိုင်းအခြားအရ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

အဆိုလွှာတွင်ဖြည့်စွက်ခြင်း

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း

အဆင့်-၃

ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • အာမခံထားရှိပြီး ၁၅ ရက်နေ့မှစ၍ Covid-19 Positive ဖြစ်ကြောင်း သတ်မှတ်ခံရပါက အကျိုးခံစားခွင့်ရရှိနိုင်ပါသည်။
  • ရောဂါကြောင့် ဆေးရုံတက်ခြင်းဖြစ်ပါက ၃ ရက်နှင့်အောက် အကျိုးခံစားခွင့် မရရှိဘဲ မတော်တဆထိခိုက်မှုအတွက် ဆေးရုံတက်ရက် ၁ ရက်မှစ၍ အကျိုး ခံစားခွင့် ရရှိနိုင်ပါသည်။
  • သေဆုံးမှု(မတော်တဆ/ရောဂါ)ကြောင့် ဖြစ်ပါက ၁ ယူနစ်အတွက် ကျပ် ၁၀ သိန်း၊ နှင့်  Covid-19 ကြောင့် သေဆုံးပါက ၁ ယူနစ် ကျပ် ၁၄ သိန်း အကျိုးခံစားခွင့် ရရှိမည် ဖြစ်ပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

(က) ကျန်းမာရေးအာမခံ

၁။ ရောဂါကြောင့်ဆေးရုံတက်ခြင်း

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ

 

၂။ မတော်တဆမှုကြောင့်ဆေးရုံတက်ခြင်း

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ

 

၃။ သေဆုံးခြင်း

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးမှုလက်မှတ်/အထောက်အထားမိတ္တူ
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၄။ ခွဲစိတ်ကုသခြင်း

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ဆေးရုံမှထုတ်ပေးသည့်ငွေတောင်းခံလွှာ (သို့မဟုတ်) ငွေလက်ခံဖြတ်ပိုင်း

 

၅။ ကိုယ်ဝန်ပျက်ကျခြင်း

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • အာမခံလက်မှတ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ဆေးရုံမှထုတ်ပေးသည့်ငွေတောင်းခံလွှာ (သို့မဟုတ်) ငွေလက်ခံဖြတ်ပိုင်း

 

၆။ ကော်မရှင်ပေးခြင်း

  • ကျန်းမာရေးအာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပေးသွင်းပရီမီယံပေါ်မှ ၁၀ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေး ပါသည်။