စာသင်သားအသက်အာမခံ


Ministry of Planning and Finance / August 15, 2024

 

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၁၈ နှစ် မှ ၅၅ နှစ်အတွင်းရှိသည့် မိခင် (သို့မဟုတ်) ဖခင်မှ အသက်(၁)နှစ် (၃၀) ရက် သား မှ (၁၂)နှစ်အတွင်းရှိသူ သား သို့မဟုတ် သမီး အား Student Life Insurance (စာသင်သားအသက်အာမခံ) ထားပေးနိုင်ပါသည်။

 

ဝန်ဆောင်ခ

အာမခံထားငွေအနည်းဆုံးကျပ် (၁၀)သိန်း မှ အများဆုံး  ကျပ်သိန်း(၁၀၀၀)အထိ ထားရှိနိုင် ပါသည်။ အာမခံထားငွေ၊ အာမခံသက်တမ်းနှင့် အသက်ပေါ်မူတည်၍ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။ 

 

လိုအပ်သောစာရွက်စာတမ်းများ

အာမခံထားငွေကျပ် (၁၀) သန်းအထက် ကျော်လျှင်သော်လည်းကောင်း ကျန်းမာရေး ဝန်ကြီး ဌာန အသိအမှတ်ပြုဆရာဝန် (သို့မဟုတ်) ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ်ရပါမည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုး ဆေးစစ်ချက်များ အား တင်ပြရပါမည်။)

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း

အဆင့်-၃

          လက်ခံလွှာထုတ်ပေးခြင်း

အဆင့်-

အာမခံပေါ်လစီစာချုပ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီး လက်ခံလွှာ၊ ပေါ်လစီ ထုတ်ပေးခြင်းလုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • စာသင်သားအသက်အာမခံတွင် ပညာသင်ထောက်ပံ့ကြေးအကျိုးခံစားခွင့်၊ သေဆုံးမှု အကျိုးခံစားခွင့်၊ အမ်းငွေ၊ ချေးငွေ၊ထာဝစဉ်မစွမ်းမသန်အကျိုးခံစားခွင့်၊ ပရီမီယံပေးသွင်း ခြင်း ကင်းလွတ်ခွင့်များရရှိနိုင်ပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ ပညာသင်ထောက်ပံ့ငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ပရီမီယံများကို သက်တမ်းဆုံးသည်အထိ ပေးသွင်းပြီးနောက် စာသင်သား အသက်အာမခံ အကျိုးခံစားခွင့်ငွေကို တက္ကသိုလ်ပညာရေးအတွက် ပညာရေး စရိတ်အဖြစ် အာမခံထားသူ ရင်သွေးငယ် အသက် ၁၇ နှစ်မှစ၍ အသက် ၁၈ နှစ်၊ အသက် ၁၉ နှစ်၊ အသက် ၂၀ နှစ်တို့တွင် အာမခံထားငွေ၏ ၂၅ ရာခိုင်နှုန်းကျစီ (၄) ရစ် အညီအမျှခွဲ၍ နှစ်စဉ်ပေးပါမည်။
  • အကျိုးခံစားခွင့်ထုတ်ပေးမည့်အာမခံထားသူ ရင်သွေးငယ်သည် အသက် ၁၈ နှစ် အောက် ငယ်ရွယ်သူဖြစ်လျှင် အာမခံဝယ်ယူသူ (Policy Holder) သို့ အချိုးကျ အကျိုးခံစားခွင့် ထုတ်ပေးမည်။

 

၂။ သေဆုံးမှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • အလောင်းမရရှိပါက ၂ နှစ် စောင့်ဆိုင်း၍ မျက်မြင်အားဖြင့် သွားလာလှုပ်ရှားမှု မရှိကြောင်း ရပ်ကွက်/အုပ်ချုပ်ရေးမှူးထောက်ခံချက်

 

၃။ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • ကုသသည့်အထူးကုဆရာဝန်၏ထာဝစဉ်လုံးဝမသန်စွမ်းဖြစ်ကြောင်း ထောက်ခံချက်

 

၄။ ပရီမီယံကင်းလွတ်ခွင့်

  • ပေါ်လစီစာချုပ်မူရင်း
  • ပရီမီယံကင်းလွတ်ခွင့်တောင်းခံလွှာတို့အပြင်
  • သေဆုံးပါက
  • သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • ထာဝစဉ်မသန်စွမ်းဖြစ်ပါက
  • ဆေးကုသသည့်ဆရာဝန်၏ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်းထောက်ခံချက်
  • ကျန်းမာရေးဝန်ကြီးဌာနမှအသိအမှတ်ပြုထားသည့် ဆေးရုံ/ဆေးခန်းများမှ ဆေးကုသ မှုမှတ်တမ်း

 

၈။ ကော်မရှင်ပေးခြင်း

  • စာသင်သားအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို အာမခံသက်တမ်း စသည့် ပထမနှစ်တွင် ပေးသွင်းသည့်ပရီမီယံပေါ်မှ ၂၀ ရာခိုင်နှုန်း၊ ကျန်သက်တမ်းတစ်လျှောက်တွင် တည်မြဲရေးပရီမီယံပေါ်မှ ၃ ရာခိုင်နှုန်း ခံစားခွင့်ပြုမည် ဖြစ်သည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။