SME အသင်းဝင်ကတ်များ အွန်လိုင်းမှစတင်လျှောက်ထားခြင်း


Mandalay Region Government / September 30, 2021

 အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းရှင်များအနေနှင့် (SME) အသင်းဝင်ကတ်များကို မိမိတို့ဒေသရှိ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးများသို့ သွားရောက် လျှောက်ထားနိုင်သည့်အပြင် ယခုလမှစ၍ Online Registration ဖြင့် စတင်လျှောက်ထားနိုင်ပြီဖြစ်သည်။
    အသင်း၀င်ကတ်များကို http://www.moismeregister.gov.mm သို့ ဝင်ရောက်၍ အွန်လိုင်းမှလျှောက်ထား နိုင်ပြီဖြစ်ပြီး အွန်လိုင်းတွင် ဝင်ရောက်လျှောက်ထားမည်ဆိုပါက လိုအပ်သည့်အချက်များ၊ လျှောက်ထားပုံအဆင့်များနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ယင်းဝက်ဘ်ဆိုဒ်တွင် အသေးစိတ်ဖော်ပြထားသည်။
    မှတ်ပုံတင်ပြီးသားလုပ်ငန်းရှင်များအနေနှင့် ပြန်လည်လျှောက်ရန်မလိုအပ်ပါ၊ အွန်လိုင်းမှလျှောက်ထားသူများသည် e-mail Account ဖြင့် ကြိုက်နှစ်သက်ရာ Password ပေး၍ ဝင်ရောက် လျှောက်ထားနိုင်ပါသည်။

 

အောက်ပါ website မှလျှောက်ထားနိုင်ပါသည်

Website လိပ်စာ

http://www.emandalay.gov.mm/

FAQs