မီး အာမခံ
-
ကဏ္ဍများ
- ကျန်းမာရေး
- ပညာရေးနှင့် သုတေသန
- လူမှုရေး
- စီးပွားရေး
- စိုက်ပျိုးရေး
- အလုပ်သမားရေးရာ
- မွေးမြူရေးနှင့် ရေလုပ်ငန်း
- ဥပဒေနှင့် တရားရေး
- လုံခြုံရေး
- ဟိုတယ်နှင့် ခရီးသွားလာရေး
- နိုင်ငံသား
- သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်
- စက်မှုလုပ်ငန်း
- ဆောက်လုပ်ရေး
- သိပ္ပံနည်းပညာ
- နည်းပညာ
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- သတင်းအချက်အလက်နှင့် မီဒီယာများ
- ဘာသာ၊ အနုပညာနှင့် ယဉ်ကျေးမှု
- ဘဏ္ဍာရေးနှင့်အခွန်
- အသေးစား၊ အလတ်စား လုပ်ငန်းများ
- သဘာဝဘေးအန္တရာယ်
- လျှပ်စစ်နှင့် စွမ်းအင်
- အားကစား
- စာရင်းအင်း
- အာမခံ
- စည်ပင်သာယာရေး
- ဗီဇာနှင့်ပတ်စပို့
မီး အာမခံ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / July 24, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အဆောက်အအုံများ၊ စက်ကရိယာများ၊ ပရိဘောဂများ၊ ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ မီးနှင့် အခြားဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် အကာအကွယ် ပေးသည့် အာမခံ အမျိုးအစား ဖြစ်ပါသည်။ အာမခံထားလိုပါက သတ်မှတ်ထားသော အဆိုလွှာတွင် ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရပါမည်။ အဆောက်အအုံကို အတန်းအစား ၄ မျိုးခွဲ၍ အာမခံထား သည့် အဆောက်အအုံ ပတ်ဝန်းကျင်ကို ၂၅ ပေ သို့မဟုတ် ၅၀ ပေ တွင်ရှိသည့် အဆောက်အအုံ များ၏ အတန်းအစား အသုံးချပုံများကိုပါ စိစစ်၍ သတ်မှတ်ထားသည့် နှုန်းထားဇယားပါ နှုန်းများဖြင့် မီးအာမခံပရီမီယံ တွက်ချက်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
အဆိုလွှာ၊ ရာဖြတ်အစီရင်ခံစာ၊ ဓါတ်ပုံ၊ အာမခံထားမည့်အဆောက်အအုံ၊ ပရိဘောဂ၊ လုပ်ငန်းသုံး ပစ္စည်း၊ စက်ပစ္စည်း၊ ကုန်ကြမ်းကုန်ချော ရောင်းကုန်ပစ္စည်းများအတွက်စာရင်း
လျှောက်ထားရန်အဆင့်များ
အဆိုလွှာဖြည့်စွက်ခြင်း၊ အဆောက်အအုံအတန်းအစား သတ်မှတ်ခြင်း၊ မျက်မြင်စစ်ဆေးခြင်း၊ ပရီမီယံ နှုန်းထားသတ်မှတ်ခြင်း၊ ပရီမီယံပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း၊ ပရီမီယံ ပေးသွင်းပြီး ပါက ငွေရပြေစာထုတ်ပေးပြီး ဘဏ္ဍာရေးလုပ်ပိုင်ခွင့်အရ အဆင့်ဆင့်တင်ပြ၍ ပေါ်လစီ စာချုပ်/ Certificate ထုတ်ပေးခြင်းထိ လုပ်ငန်းစဉ်များအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ဖြည့်စွက်ချက်
လျော်ကြေးပေးချေရာတွင် အာမခံသက်တမ်း တည်မြဲနေစဉ်အတွင်း၊ အာမခံအကာအကွယ် အကျုံးဝင်သည့် မီးလောင်ဆုံးရှုံးမှုမျိုးဖြစ်ပါက အာမခံထားသူသည်-
(၁) ချက်ချင်းအကြောင်းကြားရပါမည်။
(၂) ဆုံးရှုံးခြင်းခံရသောပစ္စည်းစာရင်းနှင့် တန်ဘိုးများကို ဆုံးရှုံးမှုဖြစ်သည့်နေ့မှ (၁၅)ရက် အတွင်း (သို့မဟုတ်) ဤလုပ်ငန်းက စာဖြင့် ရေးသားပြီးထပ်မံခွင့်
ပြုသော အချိန်အတွင်း တွင် ဤလုပ်ငန်းသို့ ပေးပို့တောင်းခံရပါမည်။
(၃) လျော်ကြေးငွေကို ဆုံးရှုံးမှုဖြစ်သည့်နေ့မှ (၁) နှစ်အတွင်း စာရွက်စာတမ်း အထောက်အထား အပြည့်အစုံဖြင့် တောင်းခံရပါမည်။ (၃)နှစ်ပြည့်၍
လိုအပ်ချက်များ ပြည့်စုံမှုမရှိဘဲ ဤစည်းကမ်းချက် နှင့် မညီညွှတ်လျှင်လျော်ကြေးငွေကို ငြင်းပယ်ခြင်း ခံရမည် ဖြစ်ပါသည်။
သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024
သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...
