အာမခံစိစစ်ရေးကတ်လျှောက်ထားခြင်း


Ministry of Labour / April 11, 2018

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

လူမှုဖူလုံရေးအာမခံစိစစ်ရေးကတ်ပြားဆိုသည်မှာ“ဥပဒေနှင့်အညီမည်သူသည် အာမခံထားသူဖြစ်ကြောင်း သက်ဆိုင်ရာ လူမှုဖူလုံရေးရုံးက ထုတ်ပေးထားသည့် သက်သေခံကတ်ပြား” ကို ဆိုလိုသည်။ အာမခံအလုပ်သမားများအနေဖြင့် မိမိတို့ ထည့်ဝင်ကြေးပေးသွင်းထားသော သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်လူမှုဖူလုံရေးအဖွဲ့ရုံးခွဲများတွင် အာမခံစိစစ်ရေးကတ်ပြား များကို အချက်အလက်များ ဖြည့်သွင်း၍ ထုတ်ယူ နိုင်ပါသည်။ လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးခန်းများ၊ ဆေးရုံများတွင် ဆေးကုသ ရာတွင်လည်းကောင်း၊ ငွေကြေးအကျိုးခံစားခွင့်များကို လျှောက်ထား ရာတွင်လည်း ကတ်ပြားကို အသုံးပြုနိုင်ပါသည်။

ဝန်ဆောင်ခ

မရှိပါ။

လိုအပ်သောစာရွက်စာတမ်းများ

အလုပ်ဌာနမှတ်ပုံတင်ခြင်းအတွက် လိုအပ်သောစာရွက်စာတမ်း များ

အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းစတင်လုပ်ကိုင်ပြီး ရက်ပေါင်း (၃၀) အတွင်း အောက်ပါစာရွက်စာတမ်းများနှင့်အတူ မှတ်ပုံ တင်ရမည်-

(က)      အလုပ်ဌာနမှတ်ပုံတင်ပုံစံ

( ခ )      အာမခံထားမည့်သူများစာရင်း (အလုပ်သမားစာရင်း၊   မှတ်ပုံတင်၊ အဘအမည်၊ လုပ်ခလစာ၊ အလုပ်အကိုင်      စသဖြင့် တွဲတင်ရန်)

( ဂ )      လုပ်ငန်းဌာနတည်ထောင်ဖွင့်လှစ်ခြင်းမှတ်တမ်း

(ဃ)       လုပ်ငန်းလိုင်စင်မိတ္တူ

အလုပ်သမားတစ်ဦး မှတ်ပုံတင်ရန် လိုအပ်သည့် စာရွက်စာတမ်းများ

အလုပ်ရှင်တစ်ဦးသည် အလုပ်သမားတစ်ဦး စတင်ခန့်အပ်ပြီး (၁၀) ရက်အတွင်း အောက်ပါစာရွက်စာတမ်းများနှင့်အတူ မှတ်ပုံ တင်ရမည်−

(က)      အလုပ်သမားမှတ်ပုံတင်ပုံစံ

( ခ )      ကျန်းမာကြောင်းထောက်ခံချက်

( ဂ )      အာမခံထားမည့်သူတစ်ဦးထက်ပိုလျှင် အာမခံထားမည့်           သူများစာရင်း(အလုပ်သမားစာရင်း၊ မှတ်ပုံတင်၊ အဘ အမည်၊ လုပ်ခလစာ၊ အလုပ်အကိုင်စသည်ဖြင့် တွဲတင်ရန်)

လျှောက်ထားရန် အဆင့်များ

အလုပ်ရှင်သည် အလုပ်သမားအသစ် ခန့်ထားပြီးနောက် (၁၀) ရက်အတွင်း မိမိအလုပ်သမားကို လိုအပ်သော ဆေးစစ်မှုခံယူပြီး ကျန်းမာကြောင်း ဆေးသက်သေခံလက်မှတ်နှင့်တကွ မိမိ အလုပ်သမားနှင့်ပတ်သက်သည့် အကြောင်းအရာအစုံအလင် ကို သတ်မှတ်ထားသည့် အလုပ်သမားမှတ်ပုံတင်(ပုံစံ-၂)တွင် ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်း၍ သက်ဆိုင်ရာလူမှုဖူလုံရေးရုံးသို့ တင်သွင်းရမည်။ ထိုသို့ အလုပ်သမားမှတ်ပုံတင် (ပုံစံ-၂) ကို ဖြည့်စွက်ရာတွင် ဖော်ပြထားသောအချက်အလက်များ မှန်ကန် ကြောင်း မိမိ၏ အလုပ်သမားအား လက်မှတ်ရေးထိုးစေရမည့် အပြင် ယခင်က လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ဖူး ပါက ယင်းသို့ မှတ်ပုံတင်စဉ်ကရရှိခဲ့သည့် အာမခံစိစစ်ရေး ကတ်ပြားအမှတ်ကိုဖော်ပြစေရမည်။

ဆက်သွယ်ရမည့်လိပ်စာ

လူမှုဖူလုံရေးရုံးချုပ်နှင့် မြို့နယ်ရုံးခွဲများ

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

လူမှုဖူလုံရေးရုံးချုပ်နှင့် မြို့နယ်ရုံးခွဲများ

Website လိပ်စာ

www.mol.gov.mm

www.labourportal.gov.mm



Services (Online) - 1 items Explore more

သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း

Ministry of Planning and Finance / October 15, 2021

သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...

Rating