မြေသယံဇာတတူးဖေါ်ရေးလုပ်ငန်းရှင်များတာဝန်ရှိမှုအာမခံ
မြေသယံဇာတတူးဖေါ်ရေးလုပ်ငန်းရှင်များတာဝန်ရှိမှုအာမခံ
Ministry of Planning and Finance / July 24, 2024
အာမခံအကာအကွယ်
အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ မြေသယံဇာတတူးဖေါ်ရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်လျက် ရှိသော အလုပ်သမားများအတွက် အာမခံထားခြင်း ဖြစ်ပါသည်။
ဝန်ဆောင်ခ
ပရီမီယံမှာ တစ်ယူနစ်လျှင် ကျပ် ၃၅၀၀ ဖြစ်ပါသည်။
အာမခံထားငွေ
အာမခံထားငွေကို တစ်ယူနစ်လျှင် ကျပ် ၅ သိန်း ဖြင့် အများဆုံး ၄ ယူနစ်အထိ ထားရှိနိုင်ပါသည်။ သေဆုံးပါက အာမခံထားငွေကို ရရှိနိုင်ပြီး ဒဏ်ရာရပါက အများဆုံးအာမခံထားငွေ၏ ၈၀% အထိ ပေးလျော်ပါသည်။
အာမခံသက်တမ်း
အာမခံသက်တမ်းမှာ (၁) နှစ် ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- ကုမ္ပဏီ Letter Head ဖြင့် အကြောင်းကြားစာ
- သတ်မှတ်ထားသောအဆိုလွှာပုံစံ
လျှောက်ထားရန်အဆင့်များ
- သတ်မှတ်ထားသောအဆိုလွှာပုံစံနှင့်အတူလိုအပ်သောစာရွက်စာတမ်းများ တင်ပြခြင်း
- ပရီမီယံနှုန်းထားသတ်မှတ်၍ ငွေပေးသွင်းနိုင်ရေးအတွက် ချလံထုတ်ပေးခြင်း
- ပရီမီယံပေးသွင်းပြီးပါက ငွေရပြေစာထုတ်ပေးပြီး အဆင့်ဆင့်တင်ပြကာ ပေါ်လစီစာချုပ် ထုတ်ပေးခြင်း