ချေးငွေအာမခံ


Ministry of Planning and Finance / July 24, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းအတွက် ချေး‌ငွေထုတ်ပေးသည့်ဘဏ်များကို ၎င်းတို့ ထုတ်ပေးသည့် ချေးငွေဆုံးရှုံးမှုပေါ်ပေါက်ခဲ့လျှင် လျော်ကြေးပေးချေသည့် အာမခံဖြစ်ပါသည်။

ဝန်ဆောင်ခ

ပရီမီယံနှုန်းအနေဖြင့် အပေါင်ပစ္စည်းဖြင့် ချေးခြင်းအတွက် ပထမနှစ်တွင် ၂ % ၊ ဒုတိယနှစ်တွင် ၁.၅%၊ တတိယနှစ်တွင် ၁ % ဖြစ်ပါသည်။ အပေါင်ပစ္စည်းမဲ့ဖြင့် ချေးခြင်းအတွက် ပထမနှစ်တွင် ၃ %၊ ဒုတိယနှစ်တွင် ၂.၅ % ၊ တတိယနှစ်တွင် ၂% ဖြစ်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

(၁)   ဘဏ်မှအကြောင်းကြားစာ (Forwarding Letter)

(၂)   အဆိုလွှာ

(၃)   ဝင်ငွေ၊သုံးငွေစာရင်း

(၄)   Financial Statement & Audit Report

(၅)   စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးမှ SME လုပ်ငန်းရှင်ဖြစ်ကြောင်းထောက်ခံချက်

        (က) MI မူရင်း

        (ခ)   ဘဏ်မိတ္တူ

(၆)   ပုဂ္ဂလိကစက်မှု့လုပ်ငန်းမှတ်ပုံတင်လက်မှတ်(စက်မှုကြီးကြပ်/စစ်ဆေးဦးစီးဌာန) SME Card

(၇)   စည်ပင်သာယာရေးအဖွဲ့မှထုတ်ပေးသည့်လုပ်ငန်းလိုင်စင်



(၈)   ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(DICA)  (ကုမ္ပဏီမဟုတ်ပါကမလိုအပ်ပါ။) 

(၉)   အသင်းအဖွဲ့/အုပ်စုကုမ္ပဏီမှတ်တမ်း (ကုမ္ပဏီမဟုတ်ပါကမလိုအပ်ပါ။)

(၁၀) Business Plan

(၁၁) သန်းခေါင်စာရင်းမိတ္တူ

(၁၂) မှတ်ပုံတင်မိတ္တူ

(၁၃) လုပ်ငန်းဓါတ်ပုံ

(၁၄) အခွန်ဆောင်ထားသည့်ပြေစာ (၃) နှစ်စာ

(၁၅) အပေါင်ပါရှိပါက အရောင်းအဝယ်စာချုပ်အပြင် ဘဏ်ရာပြတ်အစီရင်ခံစာ ပူးတွဲတင်ပြရပါမည်။

မှတ်ချက်။        ။ မဖြစ်မနေတင်ပြရမည့် အထောက်အထားများဖြစ်သည်။

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ပြီးသော အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင်က ငွေထုတ်ပေးမည့်ဘဏ်များသို့ လျှောက်ထားခြင်း၊

အဆင့်-၂

ချေးငွေထုတ်ပေးမည့် ဘဏ်များက Credit Guarantee Insurance အတွက် အဆိုပြုလွှာနှင့်အတူ ချေးငွေထုတ်ပေးရေးအတွက် အာမခံသည့် အထောက်အထားများကို မြန်မာ့အာမခံလုပ်ငန်းသို့ ပေးပို့ခြင်း၊

အဆင့်-၃

မြန်မာ့အာမခံလုပ်ငန်းက Credit Guarantee Insurance ကို လက်ခံရန်အတွက် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်တင်ပြသည့် အထောက်အထားများနှင့်အတူ လုပ်ငန်းကို မျက်မြင်စစ်ဆေးပြီး အာမခံလက်ခံခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်း၊

အဆင့်-၄

အာမခံလက်ခံပါက ကျသင့်ပရီမီယံတောင်းခံလွှာကို ချေးငွေ ထုတ်ပေးသည့်ဘဏ်များသို့ ပေးပို့ခြင်း၊ ချေးငွေထုတ်ပေးသည့် ဘဏ်များက မြန်မာ့အာမခံလုပ်ငန်းသို့ ပရီမီယံပေးချေ ခြင်း၊ ပရီမီယံရရှိပါက မြန်မာ့အာမခံလုပ်ငန်းက အာမခံစာချုပ်ထုတ်ပေးခြင်း၊

အဆင့်-၅

ချေးငွေထုတ်ပေးသည့် အဖွဲ့အစည်း(သို့မဟုတ်) ဘဏ်များက Credit Guarantee Insurance စာချုပ်ရရှိပါက ချေးငွေထုတ်ပေးခြင်း၊

 

ဖြည့်စွက်ချက်

ဘဏ်မှ လူမွဲစာရင်းအဖြစ် ခံယူချိန်တွင် ချေးငွေအာမခံထားသူများအတွက် အာမခံထားငွေ၏ ၆၀% ကို ဘဏ်မှတစ်ဆင့်ဖြစ်စေ၊ ချေးငွေစာရင်းရှင်သို့ တိုက်ရိုက်ဖြစ်စေ မြန်မာ့အာမခံ လုပ်ငန်းမှ လျော်ကြေးထုတ်ပေးပါသည်။