ခရီးသွားအာမခံ
ခရီးသွားအာမခံ
Ministry of Planning and Finance / July 24, 2024
ယာဉ်စီးခပေး၍စီးနင်းလိုက်ပါသူ မည်သူမဆို အသက်ကန့်သတ်ချက်မရှိ ခရီးသွားအာမခံဝယ်ယူနိုင်ပါသည်။
အာမခံသက်တမ်း
(၁) အဝေးပြေးယာဉ်လိုင်းစီး ခရီးသည်များအတွက် ခရီးသွားအာမခံဖြစ်ပါက ယာဉ်လိုင်းမှ သတ်မှတ်သည့် ခရီးစဉ်ဂိတ်အစမှ ခရီးဆုံးဂိတ် ရောက်ရှိချိန် အထိ ဖြစ်ပါသည်။
- ထိုင်ခုံဇယားစနစ်- ဇယားမှာဖော်ပြဝယ်ယူထားသော ခရီးသည်အရေအတွက်အရ
- ဝိုင်းကြီးချုပ်စနစ်- ယာဉ်ပေါ်တွင် တင်ဆောင်နိုင်သော ခရီးသည်အရေအတွက်အရ
- အခြားခရီးသွားအာမခံ အမျိုးအစားများဖြစ်ပါက အဆိုလွှာတွင် ဖော်ပြထားသော ခရီးစဉ်အစမှ ခရီးအဆုံး ရောက်ချိန်အထိဖြစ်ပါသည်။
(၂) ခရီးထွက်ခွာခွင့်ရုံးမိန့်အရ ပြည်ပခရီးသွားအရာထမ်း၊ ဝန်ထမ်းများအတွက် ခရီးသွားအာမခံ
(၃) ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ အစီအစဉ်ဖြင့်သွားသော ခရီးသည်များအတွက်
လိုအပ်သည့်အချက်အလက်များ
- အာမခံထားသူအမည်
- ဖခင်အမည်
- မှတ်ပုံတင်အမှတ်
- အမြဲနေထိုင်သည့် နေရပ်လိပ်စာ
- သွားရောက်မည့်ခရီးစဉ်
- ခရီးစတင်ထွက်ခွာမည့်နေ့၊ ပြန်ရောက်မည့်နေ့ (အချိန်ကာလ)
- အာမခံထားငွေ
- အကျိုးခံစားခွင့်ရှိသူ
- တော်စပ်ပုံ/ နေရပ်လိပ်စာ/ မှတ်ပုံတင်အမှတ်
မြန်မာ့အာမခံလုပ်ငန်းမှ လက်ခံဆောင်ရွက်နေသည့် ခရီးသွားအာမခံ အမျိုးအစား
၁။ (က) မိုင်တစ်ရာအောက်ခရီးသွားအာမခံ
သက်တမ်း - သတ်မှတ်ခရီးစဉ် ဂိတ်အစမှ အဆုံး
ပရီမီယံနှုန်း - အနည်းဆုံး ကျပ် ၅၀/-မှ အများဆုံး ကျပ် ၁၀၀/- အထိ
အကျိုးခံစားခွင့် - အနည်းဆုံး ကျပ် (၁၀)သိန်းမှ အများဆုံး ကျပ် (၂၀) သိန်းအထိ
(ခ) အဝေးပြေးအမြန် လမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံ
သက်တမ်း - သတ်မှတ်ခရီးစဉ် ဂိတ်အစမှ အဆုံး
ပရီမီယံနှုန်း - အနည်းဆုံး ကျပ် ၃၀၀/-မှ အများဆုံး ကျပ် ၆၀၀/- အထိ
အကျိုးခံစားခွင့် - အနည်းဆုံး ကျပ် သိန်း(၃၀)မှ အများဆုံး ကျပ် သိန်း(၆၀)အထိ
၂။ နိုင်ငံသားများလှည့်လည်စဉ်
(က) ပြည်တွင်း
သက်တမ်း - ၁ ရက်ခရီးမှ ၃ လအထိ
ပရီမီယံနှုန်း - ၁ ရက်ခရီး ကျပ် ၁၀၀/- (၁ယူနစ်နှုန်း) မှ ၃ လခရီး ကျပ် ၅၀၀/- (၁ယူနစ်)ထိ
အကျိုးခံစားခွင့် - (၁) ယူနစ်မှ (၂) ယူနစ် အထိ ဝယ်ယူနိုင်ပါသည်။ အနည်းဆုံး (၁) ယူနစ် ကျပ် (၅) သိန်းမှ အများဆုံး (၂၀) ယူနစ် အထိ ကျပ်သိန်း (၁၀၀) အထိ
(ခ) ပြည်ပ
(၁) လေယာဉ်စီးခရီး
သက်တမ်း - လေဆိပ်တစ်ခုမှ လေဆိပ်တစ်ခုသို့
ပရီမီယံနှုန်း - ကျပ် ၅၀၀/-
အကျိုးခံစားခွင့် - ကျပ်သိန်း (၅၀)
(၂) လှည့်လည်စဉ်
သက်တမ်း - ၁ ပတ်မှ ၃ လ အထိ
ပရီမီယံနှုန်း - ၁ ပတ် ခရီးကျပ် ၂၀၀/- (၁ ယူနစ်နှုန်း) မှ ၃ လခရီး ကျပ် ၅၀၀/- (၁ ယူနစ်နှုန်း)
အကျိုးခံစားခွင့် - ၁ ယူနစ်မှ ယူနစ် ဝယ်ယူနိုင်သည့် အနည်းဆုံး (၁) ယူနစ် ကျပ် (၅)သိန်းမှ အများဆုံး ကျပ်သိန်း (၁၀၀) အထိ
၃။ ကမ္ဘာလှည့်ခရီးသွား အာမခံ
သက်တမ်း - ၁ ပတ်မှ ၃ လ အထိ
ပရီမီယံနှုန်း - ၁ ပတ်ခရီး ကျပ် ၅၀၀/- (၁ ယူနစ်နှုန်း) မှ ၃ လ ခရီးကျပ် ၆၀၀၀/- (၁ ယူနစ်နှုန်း)
အကျိုးခံစားခွင့် - အနည်းဆုံး (၁) ယူနစ် ကျပ် (၅) သိန်းမှ အများဆုံး (၂၀) ယူနစ် ကျပ် သိန်း (၁၀၀) အထိ
၄။ ကမ္ဘာလှည့် ခရီးသွားအာမခံ
သက်တမ်း - ၁ ရက်ခရီးမှ ၃ လ အထိ
ပရီမီယံနှုန်း - ၁ ပတ်ခရီး USD 2 (၁ယူနစ်နှုန်း) မှ ၃ လ ခရီးကျပ် USD 5 (၁ ယူနစ်နှုန်း)
အကျိုးခံစားခွင့် - အနည်းဆုံး (၁) ယူနစ် USD 2500 မှ အများဆုံး (၂၀) ယူနစ် USD 50,000 အထိ
မှတ်ချက်။ ယူနစ်မည်မျှပင် ဝယ်စေကာမူ တစ်ဦးလျှင် USD 2 ကောက်ခံမည်။
အာမခံထားသူသည် ရရှိသည့်ဒဏ်ရာကြောင့် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူပါက ယင်းသို့ ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူသည့်ကာလအတွက် ခရီးစဉ်အမျိုးအစားအလိုက် အောက်ပါအတိုင်း အကျိုးခံစားခွင့်ရှိပါသည်။
စဉ် |
ခရီးစဉ်အမျိုးအစား |
တစ်ပတ်လျှင် အကျိုးခံစားခွင့်နှုန်း (မြန်မာကျပ်ငွေ) |
ခံစားခွင့်ရှိသည့်ကာလ (အများဆုံး) |
၁ |
ပြည်တွင်းခရီးစဉ် (ရက်သတ္တ တစ်ပတ်လျှင် အာမခံထားငွေကျပ် ၅၀၀,၀၀/- (တစ်ယူနစ်)) အတွက် |
၄,၀၀၀ |
ရက်သတ္တပတ် ၅၂ ပတ်အထိ |
၂ |
ခရီးမိုင် ၁၀၀ အောက် |
၃,၂၀၀ |
ရက်သတ္တပတ် ၅၂ ပတ်အထိ |
၃ |
ပြည်ပခရီးစဉ် (ရက်သတ္တ တစ်ပတ်လျှင် အာမခံထားငွေ ကျပ် ၅၀၀,၀၀/- (တစ်ယူနစ်)) အတွက် |
၄,၀၀၀ |
ရက်သတ္တပတ် ၅၂ ပတ် အထိ |
အာမခံထားသူသည် ရရှိသည့်ဒဏ်ရာကြောင့် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူပြီး ဖြစ်သော်လည်း အလုပ်အကိုင်လုပ်ရာတွင် ယင်းဒဏ်ရာကြောင့် အပြည့်အဝလုပ်ကိုင်နိုင်ခြင်းမရှိပါက ယင်းသို့ အပြည့်အဝ လုပ်ကိုင်နိုင်ခြင်းမရှိသည့် ကာလအတွက် ခရီးစဉ်အမျိုးအစားအလိုက် အောက်ပါအတိုင်း အကျိုးခံစားခွင့်ရှိပါသည်။
စဉ် |
ခရီးစဉ်အမျိုးအစား |
တစ်ပတ်လျှင် အကျိုးခံစားခွင့်နှုန်း (မြန်မာကျပ်ငွေ) |
ခံစားခွင့်ရှိသည့်ကာလ (အများဆုံး) |
၁ |
ပြည်တွင်းခရီးစဉ် (ရက်သတ္တ တစ်ပတ်လျှင် အာမခံထားငွေ ကျပ် ၅၀၀,၀၀၀/- (တစ်ယူနစ်)) အတွက် |
၄,၀၀၀ |
ဆေးရုံတက်၍ ဆေးကုသမှု ခံယူရသည့် ကာလအပါအဝင် ရက်သတ္တပတ် ၅၂ ပတ် အထိ |
၂ |
ခရီးမိုင် ၁၀၀ အောက် |
၃,၂၀၀ |
ဆေးရုံတက်၍ ဆေးကုသမှု ခံယူရသည့် ကာလအပါအဝင် ရက်သတ္တပတ် ၅၂ ပတ် အထိ |
၃ |
ပြည်ပခရီးစဉ် (ရက်သတ္တတစ်ပတ်လျှင် အာမခံထားငွေ ကျပ် ၅၀၀,၀၀/- (တစ်ယူနစ်)) အတွက် |
၄,၀၀၀ |
ဆေးရုံတက်၍ ဆေးကုသမှု ခံယူရသည့် ကာလအပါအဝင် ရက်သတ္တပတ် ၅၂ ပတ် အထိ |
လျော်ကြေးအကျုံးမဝင်သောအချက်များ
- ရှိရင်းစွဲကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲ ရောဂါဘယများကြောင့်ဖြစ်ပွားခြင်း
- ရူးသွပ်ခြင်း
- မိမိကိုယ်မိမိသေကြောင်းကြံခြင်း
- တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုယ် ထိခိုက်ဒဏ်ရာရခြင်း
- မီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း
- အန္တရာယ်ဖြစ်စေနိုင်သည့် ဆောင်ရွက်မှုများတွင် ပါဝင်ပတ်သက်ခြင်း
- ရာဇဝတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဉပဒေချိုးဖောက်ခြင်း
- မူးယစ်ဆေးဝါးသုံးစွဲခြင်း
- စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ အကြမ်းဖက်ဖျက်ဆီးခြင်းနှင့် ပြည်တွင်း မငြိမ်မသက်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။
- ခရီးစဉ်အလိုက် ပျံသန်းနေသည့် အသိအမှတ်ပြု၊ လေကြောင်းလိုင်း၏ လိုင်စင်ရှိ လေယာဉ်တွင် ခရီးသည်အဖြစ် စီးနင်းခြင်းမဟုတ်ပဲ အခြားမည်သည့်လေယာဉ်ဖြင့်မဆို ခရီးသွားခြင်း (လေယာဉ်စီးခရီးသည်များအတွက် ခရီးသွားအာမခံလုပ်ငန်းနှင့်သာ သက်ဆိုင်ပါသည်။)