ခရီးသွားအာမခံ


Ministry of Planning and Finance / July 24, 2024

ယာဉ်စီးခပေး၍စီးနင်းလိုက်ပါသူ မည်သူမဆို အသက်ကန့်သတ်ချက်မရှိ ခရီးသွားအာမခံဝယ်ယူနိုင်ပါသည်။

အာမခံသက်တမ်း

(၁)       အဝေးပြေးယာဉ်လိုင်းစီး ခရီးသည်များအတွက် ခရီးသွားအာမခံဖြစ်ပါက ယာဉ်လိုင်းမှ သတ်မှတ်သည့် ခရီးစဉ်ဂိတ်အစမှ ခရီးဆုံးဂိတ် ရောက်ရှိချိန် အထိ ဖြစ်ပါသည်။

  • ထိုင်ခုံဇယားစနစ်- ဇယားမှာဖော်ပြဝယ်ယူထားသော ခရီးသည်အရေအတွက်အရ
  • ဝိုင်းကြီးချုပ်စနစ်- ယာဉ်ပေါ်တွင် တင်ဆောင်နိုင်သော ခရီးသည်အရေအတွက်အရ
  • အခြားခရီးသွားအာမခံ အမျိုးအစားများဖြစ်ပါက အဆိုလွှာတွင် ဖော်ပြထားသော ခရီးစဉ်အစမှ ခရီးအဆုံး ရောက်ချိန်အထိဖြစ်ပါသည်။

(၂)      ခရီးထွက်ခွာခွင့်ရုံးမိန့်အရ ပြည်ပခရီးသွားအရာထမ်း၊ ဝန်ထမ်းများအတွက် ခရီးသွားအာမခံ

(၃)     ခရီးသွားဝန်ဆောင်မှုကုမ္ပဏီ အစီအစဉ်ဖြင့်သွားသော ခရီးသည်များအတွက်

လိုအပ်သည့်အချက်အလက်များ

  • အာမခံထားသူအမည်
  • ဖခင်အမည်
  • မှတ်ပုံတင်အမှတ်
  • အမြဲနေထိုင်သည့် နေရပ်လိပ်စာ
  • သွားရောက်မည့်ခရီးစဉ်
  • ခရီးစတင်ထွက်ခွာမည့်နေ့၊ ပြန်ရောက်မည့်နေ့ (အချိန်ကာလ)
  • အာမခံထားငွေ
  • အကျိုးခံစားခွင့်ရှိသူ
  • တော်စပ်ပုံ/ နေရပ်လိပ်စာ/ မှတ်ပုံတင်အမှတ်

 

မြန်မာ့အာမခံလုပ်ငန်းမှ လက်ခံဆောင်ရွက်နေသည့် ခရီးသွားအာမခံ အမျိုးအစား

၁။ (က) မိုင်တစ်ရာအောက်ခရီးသွားအာမခံ

               သက်တမ်း             -      သတ်မှတ်ခရီးစဉ် ဂိတ်အစမှ အဆုံး

               ပရီမီယံနှုန်း           -      အနည်းဆုံး ကျပ် ၅၀/-မှ အများဆုံး ကျပ် ၁၀၀/- အထိ

               အကျိုးခံစားခွင့်    -      အနည်းဆုံး ကျပ် (၁၀)သိန်းမှ အများဆုံး ကျပ် (၂၀) သိန်းအထိ

 

     (ခ) အဝေးပြေးအမြန် လမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံ

               သက်တမ်း             -      သတ်မှတ်ခရီးစဉ် ဂိတ်အစမှ အဆုံး

               ပရီမီယံနှုန်း           -      အနည်းဆုံး ကျပ် ၃၀၀/-မှ အများဆုံး ကျပ် ၆၀၀/- အထိ

               အကျိုးခံစားခွင့်    -      အနည်းဆုံး ကျပ် သိန်း(၃၀)မှ အများဆုံး ကျပ် သိန်း(၆၀)အထိ

 

၂။ နိုင်ငံသားများလှည့်လည်စဉ်

     (က) ပြည်တွင်း

               သက်တမ်း             -      ၁ ရက်ခရီးမှ ၃ လအထိ

               ပရီမီယံနှုန်း           -      ၁ ရက်ခရီး ကျပ် ၁၀၀/- (၁ယူနစ်နှုန်း) မှ ၃ လခရီး ကျပ် ၅၀၀/- (၁ယူနစ်)ထိ

    အကျိုးခံစားခွင့်    -     (၁) ယူနစ်မှ (၂) ယူနစ် အထိ ဝယ်ယူနိုင်ပါသည်။ အနည်းဆုံး (၁) ယူနစ် ကျပ် (၅) သိန်းမှ အများဆုံး (၂၀) ယူနစ် အထိ ကျပ်သိန်း (၁၀၀) အထိ

 

   (ခ) ပြည်ပ

      (၁) လေယာဉ်စီးခရီး

               သက်တမ်း             -      လေဆိပ်တစ်ခုမှ လေဆိပ်တစ်ခုသို့

               ပရီမီယံနှုန်း           -      ကျပ် ၅၀၀/-

               အကျိုးခံစားခွင့်    -      ကျပ်သိန်း (၅၀)

 

       (၂) လှည့်လည်စဉ်

               သက်တမ်း             -      ၁ ပတ်မှ ၃ လ အထိ

               ပရီမီယံနှုန်း           -      ၁ ပတ် ခရီးကျပ် ၂၀၀/- (၁ ယူနစ်နှုန်း) မှ ၃ လခရီး ကျပ် ၅၀၀/-  (၁ ယူနစ်နှုန်း)

    အကျိုးခံစားခွင့်    -     ၁ ယူနစ်မှ ယူနစ် ဝယ်ယူနိုင်သည့် အနည်းဆုံး (၁) ယူနစ် ကျပ် (၅)သိန်းမှ အများဆုံး ကျပ်သိန်း (၁၀၀) အထိ

 

၃။ ကမ္ဘာလှည့်ခရီးသွား အာမခံ

               သက်တမ်း             -      ၁ ပတ်မှ ၃ လ အထိ

               ပရီမီယံနှုန်း           -      ၁ ပတ်ခရီး ကျပ် ၅၀၀/- (၁ ယူနစ်နှုန်း) မှ ၃ လ ခရီးကျပ် ၆၀၀၀/- (၁ ယူနစ်နှုန်း)

  အကျိုးခံစားခွင့်    -      အနည်းဆုံး (၁) ယူနစ် ကျပ် (၅) သိန်းမှ အများဆုံး (၂၀) ယူနစ် ကျပ် သိန်း (၁၀၀) အထိ

 

၄။ ကမ္ဘာလှည့် ခရီးသွားအာမခံ

               သက်တမ်း             -      ၁ ရက်ခရီးမှ ၃ လ အထိ

               ပရီမီယံနှုန်း           -      ၁ ပတ်ခရီး USD 2 (၁ယူနစ်နှုန်း) မှ ၃ လ ခရီးကျပ် USD 5 (၁ ယူနစ်နှုန်း)

               အကျိုးခံစားခွင့်    -     အနည်းဆုံး (၁) ယူနစ် USD 2500 မှ အများဆုံး (၂၀) ယူနစ် USD 50,000 အထိ

မှတ်ချက်။ ယူနစ်မည်မျှပင် ဝယ်စေကာမူ တစ်ဦးလျှင် USD 2 ကောက်ခံမည်။

 

အာမခံထားသူသည် ရရှိသည့်ဒဏ်ရာကြောင့် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူပါက ယင်းသို့ ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူသည့်ကာလအတွက် ခရီးစဉ်အမျိုးအစားအလိုက် အောက်ပါအတိုင်း အကျိုးခံစားခွင့်ရှိပါသည်။

စဉ်

ခရီးစဉ်အမျိုးအစား

တစ်ပတ်လျှင်

အကျိုးခံစားခွင့်နှုန်း

(မြန်မာကျပ်ငွေ)

ခံစားခွင့်ရှိသည့်ကာလ

(အများဆုံး)

ပြည်တွင်းခရီးစဉ် (ရက်သတ္တ တစ်ပတ်လျှင် အာမခံထားငွေကျပ် ၅၀၀,၀၀/- (တစ်ယူနစ်)) အတွက်

၄,၀၀၀

ရက်သတ္တပတ် ၅၂ ပတ်အထိ

ခရီးမိုင် ၁၀၀ အောက်

၃,၂၀၀

ရက်သတ္တပတ် ၅၂ ပတ်အထိ

ပြည်ပခရီးစဉ် (ရက်သတ္တ တစ်ပတ်လျှင် အာမခံထားငွေ ကျပ် ၅၀၀,၀၀/- (တစ်ယူနစ်)) အတွက်

၄,၀၀၀

ရက်သတ္တပတ် ၅၂ ပတ် အထိ

 

အာမခံထားသူသည် ရရှိသည့်ဒဏ်ရာကြောင့် ဆေးရုံတက်၍ ဆေးဝါးကုသမှုခံယူပြီး ဖြစ်သော်လည်း အလုပ်အကိုင်လုပ်ရာတွင် ယင်းဒဏ်ရာကြောင့် အပြည့်အဝလုပ်ကိုင်နိုင်ခြင်းမရှိပါက ယင်းသို့ အပြည့်အဝ လုပ်ကိုင်နိုင်ခြင်းမရှိသည့် ကာလအတွက် ခရီးစဉ်အမျိုးအစားအလိုက် အောက်ပါအတိုင်း အကျိုးခံစားခွင့်ရှိပါသည်။

စဉ်

ခရီးစဉ်အမျိုးအစား

တစ်ပတ်လျှင်

အကျိုးခံစားခွင့်နှုန်း

(မြန်မာကျပ်ငွေ)

ခံစားခွင့်ရှိသည့်ကာလ

(အများဆုံး)

ပြည်တွင်းခရီးစဉ် (ရက်သတ္တ တစ်ပတ်လျှင်

အာမခံထားငွေ ကျပ် ၅၀၀,၀၀၀/- (တစ်ယူနစ်)) အတွက်

၄,၀၀၀

ဆေးရုံတက်၍ ဆေးကုသမှု ခံယူရသည့် ကာလအပါအဝင် ရက်သတ္တပတ် ၅၂ ပတ် အထိ

ခရီးမိုင် ၁၀၀ အောက်

၃,၂၀၀

ဆေးရုံတက်၍ ဆေးကုသမှု ခံယူရသည့် ကာလအပါအဝင် ရက်သတ္တပတ် ၅၂ ပတ် အထိ

ပြည်ပခရီးစဉ် (ရက်သတ္တတစ်ပတ်လျှင် အာမခံထားငွေ ကျပ် ၅၀၀,၀၀/- (တစ်ယူနစ်)) အတွက်

၄,၀၀၀

ဆေးရုံတက်၍ ဆေးကုသမှု ခံယူရသည့် ကာလအပါအဝင် ရက်သတ္တပတ် ၅၂ ပတ် အထိ

 

လျော်ကြေးအကျုံးမဝင်သောအချက်များ

  • ရှိရင်းစွဲကိုယ်အင်္ဂါချို့တဲ့မှုနှင့် ရှိရင်းစွဲ ရောဂါဘယများကြောင့်ဖြစ်ပွားခြင်း
  • ရူးသွပ်ခြင်း
  • မိမိကိုယ်မိမိသေကြောင်းကြံခြင်း
  • တမင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကိုယ် ထိခိုက်ဒဏ်ရာရခြင်း
  • မီးဖွားခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း
  • အန္တရာယ်ဖြစ်စေနိုင်သည့် ဆောင်ရွက်မှုများတွင် ပါဝင်ပတ်သက်ခြင်း
  • ရာဇဝတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဉပဒေချိုးဖောက်ခြင်း
  • မူးယစ်ဆေးဝါးသုံးစွဲခြင်း
  • စစ်၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း၊ အကြမ်းဖက်ဖျက်ဆီးခြင်းနှင့် ပြည်တွင်း မငြိမ်မသက်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။
  • ခရီးစဉ်အလိုက် ပျံသန်းနေသည့် အသိအမှတ်ပြု၊ လေကြောင်းလိုင်း၏ လိုင်စင်ရှိ လေယာဉ်တွင် ခရီးသည်အဖြစ် စီးနင်းခြင်းမဟုတ်ပဲ အခြားမည်သည့်လေယာဉ်ဖြင့်မဆို ခရီးသွားခြင်း (လေယာဉ်စီးခရီးသည်များအတွက် ခရီးသွားအာမခံလုပ်ငန်းနှင့်သာ သက်ဆိုင်ပါသည်။)