အလုံးစုံမော်တော်ယာဉ်အာမခံ


Ministry of Planning and Finance / July 24, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(အလုံးစုံ)မော်တော်ယာဉ်အာမခံသည် အာမခံထားသူဆန္ဒအရ ထားနိုင်သော အာမခံအမျိုးအစား (Voluntary Insurance) ဖြစ်ပါသည်။ မော်တော်ယာဉ်များ မောင်းနှင်အသုံးပြုရာတွင် သဘာဝ ဘေးအန္တရာယ်နှင့် လူသားတို့၏ အမှားများကြောင့် ဖြစ်ပေါ်တတ်သော မတော်တဆထိခိုက်မှုများ၊ ပျက်စီးမှုများနှင့် နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပြုပေးရန်အတွက် IBRB ၏ ခွင့်ပြုချက်နှင့် အညီ ပြောင်းလဲပြင်ဆင်ထားသည့် မော်တော်ယာဉ်အာမခံကို ထားရှိသင့်ပါသည်။

အာမခံထားနိုင်သည့်ယာဉ်များ

  • ကိုယ်ပိုင်ယာဉ်များ
  • လုပ်ငန်းသုံး‌ယာဉ်များ
  • ဝန်ချီစက်၊ မြေတူးစက် (Mobile Plants)
  • မော်တော်ဆိုင်ကယ်များ

အာမခံထားနိုင်သည့်သက်တမ်း

  • (၃) / (၆) /(၉) / (၁၂) လ စသဖြင့် စိတ်ကြိုက် ထားရှိနိုင်ပါသည်။

ဝန်ဆောင်ခ

ယာဉ်၏ အာမခံတန်ဖိုး၊ အင်ဂျင်စွမ်းအား (Cubic Capacity) တင်ဆောင်နိုင်သည့် လူဦးရေ၊ ကိုယ်ပိုင်ယာဉ် (သို့မဟုတ်) အငှားယာဉ် စသည့် အချက်များပေါ်တွင်မူတည်၍ ကျသင့်ပရီမီယံကို တွက်ချက်ခြင်း ဖြစ်ပါသည်။ ဥပမာ- တန်ဖိုးကျပ်သိန်း ၁၀၀ ဖြင့် အာမခံထားရှိမည်ဆိုပါက ပရီမီယံနှုန်းမှာ ကိုယ်ပိုင်ယာဉ်များအတွက် ၁.၀၇၂% ခန့်နှင့် အငှားယာဉ်များအတွက် ၁.၇၃၄% ခန့် ကျသင့်ပါမည်။ (အပို အကာအကွယ်- သဘာဝဘေးအန္တရာယ်၊ စစ်ဘေးအန္တရာယ်၊ ခိုးယူမှု၊ Nil Excess နှင့် လေကာမှန်တန်ဖိုး ကျပ် ၁ သိန်းအပါအဝင်)

ယာဉ်ပိုင်ရှင်တစ်ဦးတည်းမှ  ယာဉ်စီးရေ(၁၀)စီးနှင့်အထက် တပြိုင်နက်တည်း ထားရှိပါက အခြေခံ ပရီမီယံ ပေါ်တွင် ၁၀% သက်သာခွင့်ရှိပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

  • Owner Book/ Wheel Tax
  • ယာဉ်ပိုင်ရှင်မှတ်ပုံတင်မိတ္တူ
  • ယာဉ်မောင်းလိုင်စင်မိတ္တူ
  • ယာဉ်မောင်းတစ်ဦးချင်းစီ၏ ယာဉ်မောင်းလိုင်စင်မိတ္တူ (အများဆုံး ၅ ဦး)
  • ယာဉ်အရောင်းအဝယ်စာချုပ်
  • ယာဉ်ရှေ့၊ နောက်၊ ဝဲ ၊ ယာ ဓါတ်ပုံ(၄) ပုံ

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း၊

အဆင့်-၂

ယာဉ်မျက်မြင်စစ်ဆေးခြင်း၊

အဆင့်-၃

ပရီမီယံ ပေးသွင်းခြင်း၊

အဆင့်-၄

ပေါ်လစီစာချုပ် ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • အာမခံထားသည့်ယာဉ် ထိခိုက်ပျက်စီးမှုအတွက် အာမခံထားငွေအထိ အများဆုံး လျော်ကြေးရနိုင်ပါသည်။
  • အာမခံထားသည့်ယာဉ်ဖြင့် ထိခိုက်မှုကြောင့် သူတစ်ပါး ပိုင်ယာဉ်နှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှု အတွက် ပေးလျော်ခြင်းနှင့် အာမခံထားသည့်ယာဉ်ကြောင့် အခြားသူတစ်ဦး သေဆုံးခြင်း၊ ဒဏ်ရာရခြင်းအတွက် အများဆုံး ကျပ် ၃၀ သိန်း ပေးလျော်ခြင်း။ (သူတစ်ပါးသို့ ပေးလျော် ရန်တာဝန်မှာ ဖြစ်ရပ်တစ်ခုအတွက် အများဆုံးရရှိနိုင်သည့် လျော်ကြေးမှာ ကျပ်သိန်း ၅၀၀ ဖြစ်ပါသည်။)
  • အလုံးစုံမော်တော်ယာဉ်အာမခံထားရှိခြင်းအား core systemအသုံးပြု၍ Mobile payment ၊ Cash ၊  Cheque များဖြင့် customer စိတ်ကြိုက်ပရီမီယံ ပေးဆောင်စေခြင်းဖြင့် လွယ်ကူ လျင်မြန်စွာ Insurance policy ထုတ်ပေးခြင်းအား ရန်ကုန်(ရုံးချုပ်)အပါအဝင် ရုံးခွဲများတွင် လက်ခံဆောင်ရွက်လျက်ရှိပါသည်။

လျော်ကြေးရနိုင်သည့် ဆုံးရှုံးမှုများ

(က) အာမခံထားသည့်ယာဉ်၏ ပျက်စီးဆုံးရှုံးမှု

  • အမျိုးမျိုးသော မတော်တဆထိခိုက်မှုများကြောင့် ပျက်စီးခြင်း၊ တိမ်းမှောက်ခြင်း (အာမခံထားငွေအထိ အများဆုံး လျော်ကြေးရနိုင်ပါသည်။)
  • ယာဉ်ပေါ်သို့ပစ္စည်းတစ်ခုခုပြုတ်ကျခြင်း
  • မီးလောင်ပျက်စီးခြင်း (မိုးကြိုးပစ်ခြင်း၊ ယာဉ်မှအလိုအလျောက် မီးလောင်ခြင်း၊ ပြင်ပမီး ကူးစက်လောင်ခြင်း၊ ပြင်ပပေါက်ကွဲမှုကြောင့် ယာဉ်ပျက်စီးခြင်း)
  • ယာဉ်မလိုတမာ ဖျက်စီးခံရခြင်း
  • ရေလမ်း၊ကုန်းလမ်းဖြင့်သယ်ယူပို့ဆောင်စဉ်ပျက်ဆီးခြင်း
  • ယာဉ်ဆွဲခ ကျပ် (၃) သိန်း

(ခ) သူတစ်ပါးအတွက်ပေးလျော်ရန်တာဝန်ရှိမှု

  • လူတစ်ဦးသေဆုံးခြင်း               -         အများဆုံး ကျပ် သိန်း ၃၀ အထိ
  • လူတစ်ဦးထိခိုက်ဒဏ်ရာရခြင်း    -         အများဆုံး ကျပ် သိန်း ၃၀ အထိ
  • ဆေးရုံတက်ရောက်ကုသမှု  တစ်ပါတ်လျှင် ၂၅,၀၀၀ ကျပ် နှင့် ၅၂ ပါတ်( အများဆုံး)
  • သူတစ်ပါးပစ္စည်းပျက်စီးခြင်း       -         ပြုပြင်ရသည့်ကုန်ကျစရိတ်ကို သင့်တင့်မျှတ စွာ ပေးလျော်ပါမည်။
  • သူတစ်ပါထိခိုက်မှု ဖြစ်ရပ်တစ်ခုလုံးအတွက် အများဆုံး ကျပ် (၅၀၀)သိန်း

(ဂ)     ကိုယ်အင်္ဂါထိခိုက်မှုနှင့် ဆေးဝါးကုသမှုစရိတ်

  • ကိုယ်အင်္ဂါထိခိုက်မှု - အာမခံထားသူ (သို့) အာမခံထားသူက ခွင့်ပြုထားသော ယာဉ်မောင်း
  • ဆေးဝါးကုသမှုစရိတ် - အာမခံထားသူ (သို့) အာမခံထားသူနှင့် ယာဉ်မောင်း

(ယာဉ်ကို အသုံးပြုသူ ၁ ဦးလျှင် အများဆုံး ကျပ် သိန်း ၃၀  ဖြင့် အချိုးကျပေးလျော် ပါမည်။)

လျော်ကြေးအကျုံးမဝင်သည့်အချက်များ

  • တန်ဖိုးလျော့ခြင်း
  • အကျိုးဆက်ဆုံးရှုံးမှု
  • ယာဉ်ထိခိုက်မှုကြောင့်မဟုတ်ဘဲ တာယာများ ပွန်းပဲ့ဟောင်းနွမ်းပျက်စီးခြင်း
  • ယာဉ်ထိခိုက်မှုဖြစ်ပွားစဉ် ယာဉ်မောင်းသူမှ အရက်သေစာသောက်စားခြင်း/ မူးယစ်ဆေးဝါး သုံးစွဲ ထားခြင်း
  • သတ်မှတ်ထားသည့် အဆင့်မီလိုင်စင်ရရှိထားသူ မဟုတ်ခြင်း
  • အဆိုလွှာတွင် ဖော်ပြထားသည့် ယာဉ်အသုံးပြုခြင်းမှလွဲ၍ ယာဉ်ကို အခြားကိစ္စတွင် အသုံးပြုခြင်း
  • အဆိုလွှာတွင် ဖော်ပြထားခြင်းမရှိသော ယာဉ်မောင်းကြောင့် လျော်ကြေးတောင်းဆိုရာ တွင် သတ်မှတ်ချက်နှင့်အညီ ထည့်သွင်းဆုံးဖြတ်ပါမည်။
  • မြန်မာနိုင်ငံပြင်ပတွင် အသုံးပြုခြင်း
  • ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဖောက်ဖျက်၍ ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများ

 

လျော်ကြေးတောင်းခံခြင်း

ထိခိုက်မှုဖြစ်လျှင် အာမခံကုမ္ပဏီသို့ ဖုန်းဖြင့်/စာဖြင့် ချက်ချင်းအကြောင်းကြားရမည်။ အာမခံ ကုမ္ပဏီ၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြင်ဆင်ရပါမည်။ လျော်ကြေးအား ထိခိုက်မှုဖြစ်သည့်နေ့မှ စ၍ ၃ နှစ်အတွင်း တောင်းခံရမည်ဖြစ်ပြီး ၃ နှစ်ကျော်မှ တောင်းခံလာသည့် လျော်ကြေးများအား အာမခံကုမ္ပဏီမှ ငြင်းပယ် ပိုင်ခွင့် ရှိပါသည်။

အပိုအကာအကွယ်များ

(၁) မယူမနေရ အကာအကွယ်များ

အကာအကွယ်

ကျသင့်နှုန်းထား

သပိတ်မှောက်ခြင်း၊ အဓိကရုဏ်းဖြစ်ခြင်း

အာမခံတန်ဖိုး၏   ၀.၀၆၅%

လေကာမှန်ပျက်စီးခြင်း

လေကာမှန်တန်ဖိုး၏   ၆.၅%

(အများဆုံး ကျပ် (၃၀) သိန်း ထိ)

သူတစ်ပါးပေးလျော်ရန် တာဝန်ရှိမှု

ပုံသေသတ်မှတ်နှုန်းထားအတိုင်း

 

(ခ)     ရွေးချယ်ဝယ်ယူနိုင်သည့် အပိုအကာအကွယ်များ

အကာအကွယ်

ကျသင့်နှုန်းထား

သဘာဝဘေးအန္တရာယ်

(ရေကြီးခြင်း၊ လေမုန်တိုင်းအမျိုးမျိုး၊ မြေငလျင် လှုပ်ခြင်း)

အာမခံတန်ဖိုး၏   ၀.၀၆၅%

ခိုးယူခြင်း

အခြေခံပရီမီယံ၏ ၁၅%

Betterment အကာအကွယ်

အခြေခံပရီမီယံ၏ ၃၀%

 

Betterment အကာအကွယ် ရှင်းလင်းချက်

အာမခံထားသူအနေဖြင့် Betterment အပိုအကာအကွယ် မဝယ်ယူထားပါက လျော်ကြေး တောင်းဆိုချိန်တွင် အောက်ပါအတိုင်း အချိုးကျ ကျခံရပါမည်။

သင်၏မော်တော်ယာဉ်သက်တမ်း

ကောင်းမွန်လာသောနှုန်း

အနည်းဆုံး ၃ နှစ်

၅%

၄ နှစ်

၁၀%

၅ နှစ်

၁၅%

၆ နှစ်

၂၀%

၇ နှစ်

၂၅%

၈ နှစ်

၃၀%

၉ နှစ်

၃၅%

၁၀ နှစ်နှင့် အထက်

၄၀%

 

Excess (ကိုယ်ပိုင်ယာဉ် + လုပ်ငန်းသုံးယာဉ်)

Standard Excess

လျော်ကြေးတောင်းဆိုချိန်တွင် ဖြစ်စဉ်တစ်ခုပေါ်၌ နှုတ်ဖြတ် ငွေ Standard Excess အနေဖြင့် ကျပ် ၁၀၀,၀၀၀ နှုတ်ဖြတ် ပါမည်။

Nil Excess

Nil Excess အကာအကွယ်ဝယ်ယူထားပါက ကျပ် ၅၀,၀၀၀ ပေးဆောင်ရပါမည်။

Additional Excess

အာမခံထားငွေ ကျပ် သိန်း ၂၀၀ အထက်ရှိသော ယာဉ်များ အနေဖြင့် အောက်ပါအတိုင်း ရွေးချယ်ဝယ်ယူနိုင်ပါသည်။

 

ရွေးချယ်ဝယ်ယူနိုင်သောပမာဏ

ပရီမီယံသက်သာခွင့်

၂၀၀,၀၀၀ ကျပ်

၅၀,၀၀၀ ကျပ်

၃၀၀,၀၀၀ ကျပ်

၇၀,၀၀၀ ကျပ်

၅၀၀,၀၀၀ ကျပ်

၁၀၀,၀၀၀ ကျပ်

လျော်ကြေးမဲ့ဆု

အာမခံထားသည့် ကာလအတွင်း  လျော်ကြေးမတောင်းခံလျှင် နောက်သက်တမ်းဆက်နှစ်များတွင် အောက်ပါအတိုင်း လျော်ကြေးမဲ့ဆုကို အခြေခံပရီမီယပေါ်မှ ရရှိပါမည်။

နှစ်အလိုက်

ကိုယ်ပိုင်

အငှား

ဆိုင်ကယ်

ဒုတိယနှစ်

၂၅%

၁၅%

၁၅%

တတိယနှစ်

၃၀%

၂၀%

၂၀%

စတုတ္တနှစ်နှင့်အထက်

၄၀%

၂၅%

၂၅%

          သက်တမ်းစေ့သည့်နေ့မှ ရက်(၃၀)အတွင်းသာခံစားခွင့်ရှိပါသည်။