တပ်မတော်ဝန်ထမ်းအသက်အာမခံ


Ministry of Planning and Finance / August 15, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

၁၉၉၃ ခုနှစ်၊ မြန်မာ့အာမခံဥပဒေအခန်း (၆)၊ပုဒ်မ (၁၃) အရတပ်မတော်သားများသည် မထားမနေရထားရှိရပါမည်။ အသက်(၁၈) နှစ်မှ (၅)နှစ်အထိရှိသော တပ်မတော်အရာရှိနှင့် စစ်သည်များမထားမနေရထားရှိရမည့် အာမခံအမျိုးအစားဖြစ်ပါသည်။

ဝန်ဆောင်ခ

အာမခံထားငွေကျပ် ၁၀၀၀၀/-အာမခံသက်တမ်း(၅)နှစ်ထားရှိပါက အသက်အပိုင်းအခြားအရ ပရီမီယံနှုန်းတွက်ချက်ကောက်ခံပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

အာမခံထားငွေ ကျပ် ()သန်း အထက်ကျော်ပါက ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြု ဆရာဝန်(သို့မဟုတ်)ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ်ရ မည်ဖြစ်ပါသည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုး ဆေးစစ်ချက်များ အား တင်ပြရပါမည်။)

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

          အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း

အဆင့်-၃

လက်ခံလွှာထုတ်ပေးခြင်း

အဆင့်-၄

ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

ဖြည့်စွက်ချက်

  • အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီးလက်ခံလွှာ၊ စာရင်းချုပ်နှင့် ပေါ်လစီထုတ်ပေးခြင်း လုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • တပ်မတော်ဝန်ထမ်းအသက်အာမခံတွင် အမ်းငွေ၊ နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ စာရင်းပိတ်၊ ထာဝစဉ်မစွမ်းမသန် တောင်းခံငွေများထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။