ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ


Ministry of Planning and Finance / July 24, 2024

 

အာမခံအကာအကွယ်

(၁)     သင်္ဘောနှင့် မည်သည့်စက်တပ်ရေယာဉ်ပေါ်တွင်မဆို တာဝန်ထမ်းဆောင်သူများ ရေယာဉ်ပေါ်တွင် တာဝန်ထမ်းဆောင်စဉ် (ရေယာဉ်ပေါ်သို့ အတက်အဆင်းပြုနေစဉ်အပါအဝင်)

          (က)    သေဆုံးခြင်း    -      အာမခံထားငွေ၏ ၁၀၀%

          (ခ)     ဒဏ်ရာရခြင်း

  • လက်ပြတ်ခြင်း (လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာမှပြတ်ခြင်း)
  • ခြေပြတ်ခြင်း (ပေါင်ရင်းမှ ခြေကျင်းဝတ်အထိ တစ်နေရာရာမှ ပြတ်ခြင်း)

တစ်ဖက်လျှင်အာမခံထားငွေ၏ ၄၀%

  • မျက်စိထာဝရကွယ်ခြင်း

တစ်ဖက်လျှင်အာမခံထားငွေ၏ ၄၀%

  • အခြားကိုယ်ခန္ဓာအတွင်းအပြင် ထိခိုက်ဒဏ်ရာရရှိမှုများ ထိခိုက်ဒဏ်ရာ ရရှိမှုကြောင့် ဆေးရုံတက်ရောက်ကုသခြင်းနှင့် တစ်စိတ်တစ်ဒေသ မစွမ်းမသန်ဖြစ်ခြင်းတို့အတွက် တည်ဆဲသူတစ်ပါးထိခိုက်မှုအာမခံနစ်နာကြေးနှုန်းများအတိုင်း အချိုးကျ ခံစားခွင့်ရှိသည်။
  • ထိခိုက်ဒဏ်ရာကြောင့် ထာဝစဉ်မစွမ်းမသန်ဖြစ်လျှင် အာမခံထားငွေ၏ ၈၀% အကျိုးခံစားးခွင့်ရှိသည်။

 

မှတ်ချက်။  (၁) သေဆုံးမှုတွင် အလောင်းမရရှိပါက သေဆုံးမှုအကျိုးခံစားခွင့်ကို (၂)နှစ် ဆိုင်းငံ့၍ပေးမည်။

                    (၂) ထိခိုက်မှုဖြစ်ရပ်တစ်ခုတွင် ဒဏ်ရာရသူတစ်ဦးအတွက် ဒဏ်ရာအကျိုးခံစားခွင့် စုစုပေါင်းသည် အာမခံထားငွေ၏ ၈၀% ထက်မပိုစေရ။

 

လျော်ကြေးအကျုံးမဝင်သောကိစ္စရပ်များ

(က) ရေယာဉ်ပေါ်သို့ မတက်ရောက်မီနှင့် ရေယာဉ်ပေါ်မှဆင်းပြီးနောက်ကာလတွင် ဖြစ်ပေါ်သည့် မတော်တဆထိခိုက်မှု။

(ခ) အောက်ပါတို့ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖြစ်ပွားရသည့် ထိခိုက်နစ်နာမှုများ အကျုံးမဝင်ပါ။

                    (၁) မူးယစ်ဆေးဝါးသုံးစွဲခြင်း

                    (၂) ကြိုတင်ကြံရွယ်ချက်ဖြင့်ပြုလုပ်ခြင်း

                    (၃) မိမိကိုယ်မိမိသေကြောင်းကြံခြင်း

                    (၄) ရေယာဉ်ပေါ်တွင်ပြစ်မှုကျူးလွန်သူဖြစ်ခြင်း

 

အကျိုးခံစားခွင့်တောင်းခံခြင်း

အာမခံစာရင်းပါပုဂ္ဂိုလ်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း စသည့်ထိခိုက်နစ်နာမှုများ အတွက် အကျိုးခံစားခွင့်ငွေကို

          (က)အာမခံထားသူအလုပ်ရှင်မှဖြစ်စေ၊ အကျိုးခံစားခွင့်ရှိသူမှဖြစ်စေ၊ တောင်းခံရန်

          (ခ)အကျိုးခံစားခွင့် တောင်းခံလွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထား များအား ပူးတွဲတင်ပြရမည်။

                    (၁)ငါးလုပ်ငန်းဦးစီးဌာန၏ ထောက်ခံချက်

     (၂)သက်ဆိုင်ရာရဲစခန်း (သို့မဟုတ်) ဒေသအာဏာပိုင်အဖွဲ့အစည်း  ထောက်ခံချက်

                              (၃)အလုပ်ရှင်၊ မျက်မြင်သက်သေနှစ်ဦးတို့မှ ရှင်းလင်းထောက်ခံချက်

                              (၄)သေဆုံးလျှင် သေစာရင်းမိတ္တူ

                              (၅)ဒဏ်ရာရရှိလျှင် ဆရာဝန်၏ ထောက်ခံချက်

                       (၆)အခင်းဖြစ်ပွားသည့် ခရီးစဉ်တစ်ခေါက်တွင် ပါဝင်သူဖြစ်ကြောင်း အထောက် အထား၊ သက်ဆိုင်ရာအာဏာပိုင်များမှ အဆိုပါခရီးစဉ်အတွက် အသိအမှတ်ပြုထားသည့် ရေယာဉ်လုပ်သားစာရင်း