သင်္ဘောသားအသက်အာမခံ(Plan)


Ministry of Planning and Finance / August 13, 2024

 

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

သင်္ဘောသားအသက်အာမခံ(Plan) ကို အသက်(၁၈)နှစ် မှ (၆၀)နှစ် ရှိသူ ပြည်ပထွက်ခွာ သင်္ဘောသားများ ထားရှိနိုင်ပါသည်။

ဝန်ဆောင်ခ

သင်္ဘောသားအသက်အာမခံ (Plan 1) ကို အာမခံထားငွေ ကျပ်သိန်း ၁၀၀  အာမခံသက်တမ်း ၁ နှစ် ဖြင့် ပရီမီယံ ကျပ် ၆၀၀၀၀/-၊ အကယ်၍ အသက်(၆၀)နှစ် ကျော်သော်လည်း ကျန်းမာရေးကောင်းသဖြင့် သင်္ဘောသားအသက်အာမခံ (Plan 1)  ထားရှိလိုပါက အပိုပရီမီယံ ကျပ် ၁၀,၀၀၀/-၊ ထပ်ဆောင်း၍ စုစုပေါင်းပရီမီယံ ကျပ် ၇၀,၀၀၀/- ဖြင့် လက်ခံဆောင် ရွက်ပေးပါသည်။ သင်္ဘောသားအသက်အာမခံ (Plan 1 မှ Plan 6) ကို အာမခံထားငွေ ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ် သိန်း ၁,၀၀၀ အထိ အာမခံသက်တမ်း ၁ နှစ်၊ (Plan 3 မှ Plan 6) အထိအား အနည်းဆုံး အာမခံထားငွေ ကျပ်သိန်း ၄၀၀ မှ အများဆုံး ကျပ်သိန်း ၁,၀၀၀ အထိအား အာမခံသက်တမ်း ၆ လ နှင့် ၁ နှစ် ဟူ၍ နှစ်မျိုးခွဲခြား လက်ခံဆောင်ရွက် လျက်ရှိပါသည်။ ဝယ်ယူသည့် Plan အမျိုးအစားပေါ်မူတည်၍ ပရီမီယံနှုန်းထားနှင့် အကျိုးခံစားခွင့်များ ကွာခြားနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

နိုင်ငံကူးလက်မှတ်အမှတ်ဖော်ပြရန်လိုအပ်၍ သင်္ဘောသားမှတ်ပုံတင်အမှတ် စီဒီစီမိတ္တူနှင့် ဆေးမှတ်တမ်းမိတ္တူ တင်ပြရပါမည်။

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံပေးသွင်းခြင်း

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • သင်္ဘောသားအသက်အာမခံ လက်ခံခြင်းအားကွန်ပျူတာစနစ်ဖြင့် အဆိုလွှာလက်ခံခြင်း၊ ပရီမီယံငွေရပြေစာ ထုတ်ပေးခြင်းနှင့်သင်္ဘောသား အသက်အာမခံ လက်မှတ်များအား စနစ်မှ တိုက်ရိုက်ထုတ်ပေးလျက်ရှိပါသည်။
  • အာမခံသက်တမ်းအတွင်း သေးဆုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။
  • Core System Production, Mobile App, ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ Website နှင့် မြန်မာ့အာမခံလုပ်ငန်း ၏ Website များတွင် လည်း ဝယ်ယူထားရှိနိုင်ပါသည်။

 

Website: www.mminsurance.gov.mm

Mobile Application: Google Play Store and Apple Store ---> Myanma Insurance

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ သေဆုံးမှုအကျိုးခံစားခွင့်

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးကြောင်းကုမ္ပဏီ၏အကြောင်းကြားစာ
  • Master Report
  • Death Certificate and Cremation Certificate
  • ၁၀၀/- ကျပ်တန်အခွန်စာချုပ် ၂ စောင်
  • ရန်ကုန်သို့အလောင်းသယ်ယူပါက Airway Bill သံရုံးထောက်ခံချက်နှင့် သင်္ချိုင်းလက်မှတ်
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • အလောင်းမရရှိပါက ၁ နှစ် စောင့်ဆိုင်းပြီး အိမ်နီးချင်း(၄)ဦး၏ တစ်နှစ်အတွင်း အာမခံထားသူ အသက်ရှင်သွားလာမှုမရှိကြောင်းထောက်ခံချက်များနှင့်နိုင်ငံသားကတ်မိတ္တူများ

 

၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွ့

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • Master Report
  • ဆေးကုသမှုမှတ်တမ်းနှင့်ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ထိခိုက်ဒဏ်ရာရရှိကြောင်းကုမ္ပဏီ၏အကြောင်းကြားစာ