နိုင်ငံခြားမှ ငါးမွေးမြူရေးအစားအစာ၊ ကုန်ကြမ်း၊ ဆေးဝါး၊ ငါး /ပုစွန် သားပေါက် များနှင့်အလှမွေးငါးများ တင်သွင်းရန်အတွက် လျှောက်ထားခြင်း
နိုင်ငံခြားမှ ငါးမွေးမြူရေးအစားအစာ၊ ကုန်ကြမ်း၊ ဆေးဝါး၊ ငါး /ပုစွန် သားပေါက် များနှင့်အလှမွေးငါးများ တင်သွင်းရန်အတွက် လျှောက်ထားခြင်း
Ministry of Agriculture, Livestock and Irrigation / April 18, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လျှောက်ထားလိုသူသည် ငါးလုပ်ငန်းဦးစီးဌာနနှင့် သက်ဆိုင်သော ငါးမွေးမြူရေး အစားအစာ၊ ကုန်ကြမ်း၊ ဆေးဝါး၊ ငါး/ပုစွန် သား ပေါက်များနှင့်အလှမွေးငါးများအား နိုင်ငံခြားမှ မြန်မာ နိုင်ငံသို့ တင် သွင်းရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနတွင် သွင်းကုန်လိုင်စင် လျှောက်ထား ရန် အတွက် ထောက်ခံချက်ထုတ်ပေးရာတွင် ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပါသည်။
၀န်ဆောင်ခ
မရှိပါ။
လိုအပ်သော စာရွက်စာတမ်းများ
(၁) ငါးမွေးမြူရေးအစားအစာ၊ ကုန်ကြမ်းများ၊ ဆေးဝါးများ အတွက်-
(က) သက်တမ်းရှိသော ကုမ္ပဏီလိုင်စင်မိတ္တူ
( ခ ) နိုင်ငံခြားဘဏ်တွင် နိုင်ငံခြားငွေ ရှိ/ မရှိ အထောက်အထား
( ဂ ) တင်သွင်းမည့်ကုန်ပစ္စည်းများ၏ အမည်စာရင်း
(ဃ) တင်သွင်းမည့်ကုန်ပစ္စည်းများ၏ ရောင်စုံဓါတ်ပုံမှတ်တမ်း
( င ) Sale Contract & Invoice & Packing List
( စ ) အစာ၊ ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံဆိုင်ရာအထောက်အထား
(ဆ) Composition (အစာကုန်ကြမ်းအတွက်)
( ဇ ) ယခင် တင်သွင်းခဲ့ခြင်းရှိ/ မရှိ၊ ရှိပါက တင်သွင်းခဲ့သည့် တန်ချိန်/ ကီလိုဂရမ် နှင့် တင်သွင်းခဲ့သည့် ကာလဖော်ပြချက်
( ဈ ) သက်ဆိုင်ရာနိုင်ငံတွင် ငါးမွေးမြူရေးအစားအစာ၊ ကုန်ကြမ်းများ၊ ဆေးဝါးများ ထုတ်လုပ်သည့် ကုမ္ပဏီ၏ မှတ်ပုံတင်ထားမှုထောက်ခံချက်နှင့် လုပ်ငန်းလိုင်စင်ရှိမှု ထောက်ခံချက်
(၂) ငါး/ပုစွန်သားပေါက်များအတွက်
(က) သက်တမ်းရှိသော ကုမ္ပဏီလိုင်စင်မိတ္တူ
( ခ ) နိုင်ငံခြားဘဏ်တွင် နိုင်ငံခြားငွေ ရှိ/ မရှိ အထောက်အထား
( ဂ ) တင်သွင်းမည့် ငါး/ပုစွန်သားပေါက်များ၏ အမည်စာရင်း
(ဃ) တင်သွင်းမည့် ငါး/ပုစွန်သားပေါက်များ၏ ရောင်စုံဓါတ်ပုံမှတ်တမ်း
( င ) Sale Contract & Invoice
( စ ) တစ်ဖက်နိုင်ငံမှ သားပေါက်ထုတ်လုပ်သည့် Farm နှင့် Hatchery ၏ Profile
(ဆ) သားပေါက်ထုတ်လုပ်သည့် ရာဇဝင်နှင့် လုပ်ငန်းအခြေအနေ
( ဇ ) သက်ဆိုင်ရာနိုင်ငံတွင်သားပေါက်ထုတ်လုပ်သည့် Hatchery ၏ မှတ်ပုံတင်ထားမှု ထောက်ခံချက် နှင့် လုပ်ငန်းလိုင်စင်ရှိမှု ထောက်ခံချက်
( ဈ ) သားပေါက်ထုတ်လုပ်မှုဆိုင်ရာစာရွက်စာတမ်း (Fry Movement Document) အား သက်ဆိုင်ရာနိုင်ငံ၏ တာဝန်ရှိဌာနမှ အသိအမှတ်ပြုထောက်ခံချက်
( ည) မွေးမြူရန်တင်သွင်းမည့် သားပေါက်များသည့် အရည်အသွေးကောင်းမွန်ပြီး စားသုံးသူများအား ဘေးအန္တရာယ် ရှိစေမည့်ရောဂါများနှင့် ပုစွန်ရောဂါများ ကင်းရှင်းကြောင်းထောက်ခံချက် (Health Certificate)
( ဋ ) ယခင်တင်သွင်းခဲ့ခြင်း ရှိ/မရှိ၊ ရှိပါက တင်သွင်းခဲ့သည့်သားပေါက်ကောင်ရေ နှင့်တင်သွင်းခဲ့သည့် ကာလဖော်ပြချက် (မှတ်ချက်။ တစ်ဖက်နိုင်ငံဆိုင်ရာ အထောက်အထား များအား အင်္ဂလိပ်ဘာသာဖြင့် တင်ပြရန်)
(၃) အလှမွေးငါး (Live) များအတွက်
(က) သက်တမ်းရှိသော ကုမ္ပဏီလိုင်စင်မိတ္တူ
( ခ ) တင်သွင်းမည့်အလှမွေးငါးများ၏ အမျိုးအမည်စာရင်း
( ဂ ) တင်သွင်းမည့့်် အလှမွေးငါးများ၏ ရောင်စုံဓါတ်ပုံမှတ်တမ်း
( ဃ) Sale Contract & Invoice
( င ) သက်တမ်းရှိသော ငါးမွေးမြူခြင်းလိုင်စင်
( စ ) မွေးမြူရန်တင်သွင်းမည့် အလှမွေးငါးသားပေါက်များသည့် အရည်အသွေးကောင်းမွန်ပြီးဘေးအန္တရာယ်ရှိစေမည့် ရောဂါများ ကင်းရှင်းကြောင်းထောက်ခံချက် (Health Certificate)
(ဆ) အလှမွေးငါးသားပေါက်များမွေးမြူမည့်တည်နေရာ
( ဇ ) သက်ဆိုင်ရာနိုင်ငံတွင် သားပေါက်ထုတ်လုပ်သည့် Hatchery ၏မှတ်ပုံတင်ထားမှု ထောက်ခံချက်နှင့် လုပ်ငန်းလိုင်စင်ရှိမှု ထောက်ခံချက်
ဆက်သွယ်ရမည့်လိပ်စာ
မွေးမြူရေးဌာနခွဲ၊ ငါးလုပ်ငန်းဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ရုံးအမှတ် (၃၆)၊ နေပြည်တော်
ဖုန်း ၀၆၇ - ၄၀၈၄၇၆
၄၁၈၅၃၈ (fax)
e-mail : aqddofmm@gmail.com
winpapamyo 2015@gmail.com