ရေထွက်ပစ္စည်းရောင်းဝယ်စုဆောင်းခွင့်လိုင်စင်ထုတ်ပေးခြင်း


Ministry of Agriculture, Livestock and Irrigation / April 18, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

(က)   မြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ )   လိုင်စင်ရရှိပြီးမှသာ ရေထွက်ပစ္စည်း ရောင်းဝယ်စုဆောင်းခွင့် ရှိပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

(က)    လျှောက်လွှာ

( ခ )    ရောင်းဝယ်စုဆောင်းမည့် နေရာ၏ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်

( ဂ )    ရောင်းဝယ်စုဆောင်းမည့် ကုမ္ပဏီမှတ်ပုံတင်မိတ္တူ သို့မဟုတ် လုပ်ငန်းရှင်၏ နိုင်ငံသားစီစစ်ရေးကဒ်မိတ္တူ

(ဃ)     ရောင်းဝယ်စုဆောင်းမည့် ရေထွက်ပစ္စည်းအမျိုးအမည်နှင့်ကုန်ချိန်

ဝန်ဆောင်ခ

အခမဲ့

လျှောက်ထားရန်အဆင့်များ

(က)   တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနများတွင် လျှောက်ထားရပါမည်။    

( ခ )   ရောင်းဝယ်စုဆောင်းမည့် ရေထွက်ပစ္စည်းအမျိုးအမည်အလိုက် သတ်မှတ်လိုင်စင်ကြေးများကို  ပေးဆောင်ရပါသည်။

Website လိပ်စာ

www.dof.gov.mm