မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ


Ministry of Home Affairs / April 03, 2023

လျှောက်ထားသူအားလုံး ပါရှိရမည့်အထောက်အထား

  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
  • အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ ၂ စုံ
  • အသက် ၁၀ နှစ်အောက်ဖြစ်လျှင် မွေးစာရင်း မူရင်းနှင့် မိတ္တူ ၂ စုံ

သင်္ဘောသားများဖြစ်ပါက 

  •  ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်းလက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
  • သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက် မှတ်တမ်း(CDC)စာအုပ် မူရင်းနှင့် မိတ္တူ ၂ စုံ

စီးပွားရေးမြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများ

  • ကုမ္ပဏီမှတ်ပုံတင် မူရင်းနှင့် မိတ္တူ ၂ စုံ
  • ပုံစံ (၆/၂၆) မူရင်းနှင့် မိတ္တူ ၂ စုံ

ကျောင်း/သင်တန်းများ တက်ရောက်လိုလျှင်

  • သက်ဆိုင်ရာကျောင်း၏ ခေါ်စာ မူရင်းနှင့် မိတ္တူ ၂ စုံ

ပြည်ပအလုပ်အကိုင်အတွက် လျှောက်ထားသူများ

  • အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နိုင်ငံခြားအလုပ်သမားမှတ်ပုံတင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ

မှီခိုလျှောက်ထားသူများ

  • နိုင်ငံခြားသား မှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ် ပေးသွင်းပြီးကြောင်း ထောက်ခံစာ
  • လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ

ရဟန်းသံဃာများ/သီလရှင်များ

  • သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
  • မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ

နိုင်ငံ့ဝန်ထမ်းများ

  • သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပခွင့် မူရင်းနှင့် မိတ္တူ ၂ စုံ

တပ်မတော်သားများ၏ ဇနီး/ ခင်ပွန်းနှင့် သားသမီးများ

  • ကက(ကြည်း)၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ

ပြစ်ဒဏ်ကျခံဖူးသူများ

  • ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ

 
GREEN CHANNEL-GC

  • MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့် ကိစ္စရပ်များ၊ ပြည်ပသို့ ဆေးကုသွားမည့်သူများ၊ ဆေးကုဖော် လိုက်ပါမည့်သူများ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခရီးသွား အေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်အစိုးရကိစ္စရပ်များဖြင့် သွားရောက်မည့်သူများ၊ 
  • MoU အလုပ်သမားများအတွက် အလုပ်သမားဝန်ကြီးဌာန၊ ဘာသာရေးကိစ္စ/သံဃာ/သီလရှင်များအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သင်္ဘောသားများ/လေကြောင်းဝန်ထမ်းများအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆေးကု/ကျန်းမာရေးကိစ္စများ အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းများအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အစိုးရကိစ္စ/ပညာသင်ကိစ္စများ အတွက် လုပ်ငန်းများအတွက် ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့်များ ထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတဆင့် ဥက္ကဋ္ဌ/အတွင်းရေးမှူး၊ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(နေပြည်တော်) သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။

အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမှု အခြေအနေ

  • အသက် ၆၀ ကျော် ကျန်းမာရေးမကောင်းသူ
  • ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသမှုခံယူနေသူများ
  • ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိသူများ



FAQs