သူတစ်ပါးထိခိုက်မှုအာမခံ
သူတစ်ပါးထိခိုက်မှုအာမခံ
Ministry of Planning and Finance / July 24, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
မည်သည့်စက်တပ်ယာဉ်မဆို သူတစ်ပါးထိခိုက်မှုအာမခံ မထားမနေရ နည်းဥပဒေပြဋ္ဌာန်းပြီး ဆောင်ရွက်ခဲ့ပါသည်။ စက်တပ်ယာဉ်ဖြင့် မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူ၊ ပစ္စည်းပျက်စီးဆုံးရှုံးခြင်းခံရသည့် နစ်နာသူများအတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန် တာဝန် ကို မြန်မာ့အာမခံလုပ်ငန်းမှ ပခုံးပြောင်းတာဝန်ယူသည့် အာမခံ စနစ်ဖြစ်ပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
- သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးသွင်းရန်အတွက် ယာဉ်မှတ်ပုံတင်စာအုပ် (ယာဉ် လိုင်စင်) လိုအပ်ပါသည်။
- နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံထားရှိရန်အတွက် ယာဉ်အမှတ်၊ ယာဉ် အမျိုး အစား၊ ယာဉ်အမျိုးအမည်၊ အင်ဂျင်အမှတ်၊ ဖရိန်အမှတ်နှင့် ယာဉ်မောင်း လိုင်စင် မိတ္တူတို့ လိုအပ်ပါသည်။
လျှောက်ထားရန်အဆင့်များ
- သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများ ကို ပေးသွင်းရမည်ဖြစ်ပါသည်။
ဖြည့်စွက်ချက်
- နစ်နာကြေးနှုန်းမှာ လူတစ်ဦးသေဆုံးမှုအတွက် ကျပ် ၃၀ သိန်း၊ ဒဏ်ရာ ရမှုအတွက် အများဆုံး ကျပ် ၂၄ သိန်းနှင့် ပစ္စည်း ပျက်စီးဆုံးရှုံးမှုအတွက် ကျပ် ၁၅ သိန်းဖြစ်ပါသည်။
- ရန်ကုန် (ရုံးချုပ်)၊ က.ည.နတွဲဖက် (ထောက်ကြန့်)ရုံး၊ က.ည.နတွဲဖက် (မြင်သာ) ရုံးနှင့် က.ည.နတွဲဖက် (တောင်ဒဂုံ)၊ က.ည.နတွဲဖက် (အင်းစိန်)ရုံး၊ က.ည.နတွဲဖက် (ရွာသာကြီး) ရုံး၊ မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ ပဲခူးနှင့် သံလျင်မြို့များရှိ မြန်မာ့ အာမခံလုပ်ငန်း ရုံးခွဲများတွင် Mobile payment (Cashless) စနစ်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
- မော်တော်ယာဉ်ပိုင်ရှင်များအား အချိန်ကုန်၊ လူပင်ပန်းမှု သက်သာစွာဖြင့် သူတစ်ပါး ထိခိုက်မှုအာမခံပရီမီယံကြေး ပေးဆောင်နိုင်စေရန် မြန်မာ့အာမခံလုပ်ငန်း Website (သို့မဟုတ်) Myanma Insurance Mobile application တို့မှတဆင့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပြီး Insurance Certificate များ ချက်ချင်း ထုတ်ပေးလျက်ရှိပါသည်။
- နေပြည်တော်၊ မော်လမြိုင်နှင့် ဘားအံရုံးခွဲများတွင်လည်း ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက် ၍ မော်တော်ယာဉ်ပိုင်ရှင်များသို့ Insurance Certificate များ ချက်ချင်း ဆောင်ရွက် ပေးလျက် ရှိပါသည်။
- ယာဉ်မောင်းလိုင်စင်များအတွက် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးဆောင်ခြင်းအား က.ည.န တွဲဖက် (တောင်ဒဂုံ)ရုံးနှင့် က.ည.န တွဲဖက် (ရွာသာကြီး)ရုံးများတွင် ကွန်ပျူတာ စနစ်ဖြင့်ဆောင်ရွက်၍ Insurance Certificate များ ချက်ချင်း ဆောင်ရွက် ပေးလျက် ရှိပါသည်။
- ရန်ကုန် (ရုံးချုပ်)တွင် ပေ(၃၀)အထက် ရေယာဉ်များအတွက် သူတစ်ပါးထိခိုက်မှု အာမခံပရီမီယံ ပေးဆောင်ခြင်းအား Mobile payment စနစ်ဖြင့်ဆောင်ရွက်၍ Insurance Certificate များ ချက်ချင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။