ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်း အဝေး ပထမနေ့ကျင်းပ


Ministry of Information/ ​နေပြည်တော် / June 18, 2019
image_latest


ရန်ကုန် ဇွန် ၁၇

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပျံကျဈေးတည်ဆောက်မည်

အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းကြရာ ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဇော်လင်း၏ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ်(၄၆) ရပ်ကွက်ရှိ ဗိုလ်မှူး ဗထူးလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင်ရှိသော ယခင်မြေပုံပါ ဗိုလ်မှူးဗထူးဈေးနေရာသည် (အလျား ပေ ၄၂၀ × အနံ ပေ ၃၆၀) ရှိခဲ့ပြီး အခြားစီမံကိန်း အကောင်အထည်မဖော်ရသေးသော (အလျားပေ ၁၂၀ × အနံပေ ၂၄၀) ဈေးနေရာအဖြစ် ပြန်လည်ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယင်းအကွက်များရှိ ကျူးကျော်များကို ဖယ်ရှားမည်ဖြစ်ကြောင်း၊ ပျံကျဈေး တည်ဆောက်ရာတွင် ငွေလုံးငွေရင်းသုံးစွဲ၍ မရသည့် အတွက် သာမန်ငွေစာရင်းမှအကုန်အကျခံ၍ ကွန်ကရစ်လမ်းခင်း ပျံကျဈေးတည်ဆောက်မည်ဖြစ်ကြောင်း၊ နဂိုမူရင်းအနေဖြင့် လုပ်ဆောင်၍ မရသည့်အတွက် လက်ရှိ အစီအစဉ်ကိုသာ အကောင် အထည်ဖော် မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၏ မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက် ဥက္ကာ(၁)လမ်းနှင့် ဥက္ကာလမ်းမကြီးထောင့်ရှိ ကစားကွင်းအား ပြန်လည် ဖော်ထုတ်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ပြန်လည်ဖော်ထုတ်ပေးနိုင် ပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယာယီအား ကစားကွင်းအပါအဝင် ယင်းဧရိယာ၏ တစ်စိတ်တစ်ဒေသဧရိယာတွင်လည်း ဥက္ကာလမ်းမကြီးအတိုင်း အပြိုင်သွယ်တန်းထားသည့် လျှပ်စစ်ဝန်ကြီးဌာန၏ မဟာဓာတ်အားလိုင်း တည်ရှိကြောင်း၊ ဖော်ပြပါမြေနေရာ သည် မဟာဓာတ်အားလိုင်း အောက်တွင် တည်ရှိနေခြင်းကြောင့် အားကစားကွင်း အဖြစ် သတ်မှတ်ဖော်ဆောင်ပေးရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်အကောင်အထည်ဖော်

ယင်းနောက် အလုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း၏ အလုံ မြို့နယ် ဆင်မင်းရပ်ကွက် ကွင်းကျောင်းကစားကွင်းနေ ရာအား ခြံစည်းရိုးခတ်ခြင်း၊ အများပြည်သူအနားယူ အပန်းဖြေ ရန်နှင့် ကလေးများကစားကွင်းအဖြစ် အသုံးပြုနိုင်ရေး အတွက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါကမည်သည့် အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လာမည့်နှစ်တွင် လိုအပ်သည့် အချက် အလက်များထည့်သွင်းဖြည့်စွက်ပြီး ဘတ်ဂျက်တင်ပြ တောင်းခံကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ပြန်လည်ဖြေကြား

ဆက်လက်၍ ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ ၏ ရန်ကုန်တိုင်းဒေသကြီးမှ ရင်းနှီးထည့်ဝင်ခဲ့သော အများပိုင်မော်တော်ယာဉ် ကုမ္ပဏီများဖြစ်သည့် YBPC နှင့် YUPT တို့ရှိ ပုံသေပိုင်ပစ္စည်းအပါအဝင် မော်တော် ယာဉ်များ၏ တန်ဖိုးလျော့စရိတ်အား ဖော်ပြရာတွင် မော်တော်ယာဉ်များ၏ တန်ဖိုးလျော့ရာခိုင်နှုန်းမှာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်ဟု ဖော်ပြထားရာ အဆိုပါ ရာခိုင်နှုန်းသည် မှန်ကန်မှု ရှိ၊ မရှိ၊ မှန်ကန်မှုရှိပါက အဆိုပါ မော်တော်ယာဉ်များအနေဖြင့် (၈)နှစ်အချိန် ကာလကြာမြင့်စွာသုံးစွဲနိုင်သော ခိုင်ခံ့မှု ရှိ၊ မရှိ၊ မှန်ကန်မှုမရှိပါက မော်တော်ယာဉ်များအား မည်သည့်ရာခိုင်နှုန်းဖြင့် တန်ဖိုးလျော့ ပြင်ဆင်သတ်မှတ်ထားသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ် လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက မော်တော်ယာဉ်များ၏ တန်ဖိုးလျော့ရာခိုင်နှုန်း ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှာ မှန်ကန်မှု ရှိ၊ မရှိနှင့်ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ ဝင်ငွေခွန် စည်းမျဉ်း ပုဒ်မ(၁၀)၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မ(၁၁)၊ ပုဒ်မခွဲ (ခ)တို့အရ ဝင်ငွေခွန် တွက်ချက်ရာတွင် ကုန်ကျသော စရိတ်နှင့် စည်းမျဉ်းများအရ ပြဋ္ဌာန်းသည့် တန်ဖိုး လျော့ငွေကို နုတ်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိကြောင်း၊ ဝင်ငွေခွန် စည်းမျဉ်း ၁၃၊ စည်းမျဉ်းခွဲ(က)နှင့် အမှတ်စဉ် ၆(က)(၁)အရ မော်တော်ယာဉ်များ၏ မူရင်းတန်ဖိုးအပေါ် တန်ဖိုးလျော့နှုန်းကို ၁၂ ဒသမ ၅ ဟု ပြဋ္ဌာန်းထားရှိသည့် အတွက် အဆိုပါရာခိုင်နှုန်းသည် မှန်ကန်မှုရှိကြောင်း၊ ဝင်ငွေခွန်စည်းမျဉ်း ၁၃၊ စည်းမျဉ်းခွဲ ၆(ခ)အရ အငှားယာဉ်၊ ကုန်တင်ကားများနှင့် ခရီးသည်တင်ယာဉ်များ၏ မူရင်း တန်ဖိုးအပေါ် တန်ဖိုးလျော့ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းကား၏ သက်တမ်းကို ငါးရာခိုင်နှုန်း သတ်မှတ်ကာ ဆက်လက်ပြဋ္ဌာန်းထားရှိကြောင်း၊ ထို့အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မော်တော်ယာဉ်များ၏ တန်ဖိုးလျော့နှုန်းကို ၂၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။

ဥပဒေကြမ်း တင်သွင်း

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် နောက်ထပ် ဘဏ္ဍာ ငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို လွှတ်တော်သို့ ရှင်းလင်း တင်ပြခြင်းနှင့် ဥပဒေကြမ်း တင်သွင်းခြင်းတို့ ကိုဆောင်ရွက် သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေကိုပြင်ဆင် သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ဖြစ်သည့် မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာမိုးက လွှတ်တော်သို့ဖတ်ကြားတင်ပြသည်။

သတင်း-ဇော်ကြီး
ဓာတ်ပုံ-ဖေဇော်

Newspaper - 1325 items

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၄ ‌ရက် ၊‌ ဇူလိုင် ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၃ ‌ရက် ၊‌ ဇွန် ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၂ ‌ရက် ၊‌ ဇွန် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၁ ‌ရက် ၊‌ ဇွန် ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လကွယ်နေ့ ၊‌ ဇွန် ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊‌ ဇွန် ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊‌ ဇွန် ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊‌ ဇွန် ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊‌ ဇွန် ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 23, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊‌ ဇွန် ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download