ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဒုတ္တရန်(၂)ရပ်ကွက်တွင် နေအိမ်မီးလောင်မှု
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဒုတ္တရန်(၂)ရပ်ကွက်တွင် နေအိမ်မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / March 08, 2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဒုတ္တရန်(၂)ရပ်ကွက်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ ၁၃၅၅ အချိန်ခန့်က ပိုင်ရှင် ဦးအောင်ကြည်၏ (၁၅x၁၀)ပေ၊ ဝါးခင်း၊ ထရံကာ၊ သက်ငယ်မိုး မီးဖိုဆောင်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပူတာအိုမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၂ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၄၂၀ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် မီးဖိုဆောင် ၁ ဆောင်နှင့် နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်ကြည်အား ပူတာအိုမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
