ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်၊ မင်းလှရပ်တွင် နေအိမ်မီးလောင်မှု
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်၊ မင်းလှရပ်တွင် နေအိမ်မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 03, 2023

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်၊ မင်းလှရပ်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့၊ ၀၈၀၉ အချိန်ခန့်က ပိုင်ရှင်ဒေါ်ဆိုင်းဘူ၏ (၃၀x၃၀)ပေ၊ အပေါ်ထပ်သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း၊ အောက်ထပ်အုတ်ညှပ်၊ ကွန်ကရစ်ခင်း ၂ ထပ် နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်း ဖုန်းအားသွင်းထားရာမှ ဖုန်းဘတ္ထရီအပူလွန်ကဲ၍ အနီးရှိအဝတ်ထည်များနှင့် ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗန်းမော်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ 35L Foam ဆေးဘူး ၁ ဘူးနှင့် DCP 4Kg မီးသတ်ဆေးဘူး ၄ ဘူးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၈၃၅ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် အပေါ်ထပ်သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း၊ အောက်ထပ်အုတ်ညှပ်၊ ကွန်ကရစ်ခင်း ၂ ထပ်နေအိမ်၏ အပေါ်ထပ်မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ဆိုင်းဘူအား ဗန်းမော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
