ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြတောင်ကျေးရွာတွင် နေအိမ်မီးလောင်မှု

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြတောင်ကျေးရွာတွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / July 10, 2023


      ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ မြတောင်ကျေးရွာတွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊ ၁၃၃၀ အချိန်ခန့်က ပိုင်ရှင်ဒေါ်မေသန္တာထွန်း၏ (၂၇x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ ခြေတံရှည် တစ်ထပ်နေအိမ်တွင် တပ်ဆင်ထားသော လျှပ်စစ်မိန်းဘုတ်ခုံ အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နမ္မတီးနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၁၄၃၀ အချိန် မီးငြိမ်းခဲ့ပါသည်။

      အဆိုပါ မီးလောင်မှုကြောင့် တစ်ထပ်နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်ဒေါ်မေသန္တာထွန်းအား နမ္မတီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။