ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်၊ နယ်မြေ(၄)၊ စက်ကုန်းရပ်တွင် နေအိမ်မီးလောင်မှု

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်၊ နယ်မြေ(၄)၊ စက်ကုန်းရပ်တွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / April 17, 2024


     ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက် နံနက် ၁ နာရီ ၅၀ မိနစ်ခန့်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြဇေယျာရပ်ကွက်၊ နယ်မြေ(၄)၊ စက်ကုန်းရပ်တွင် အိမ်ရှင် ဒေါ်ဆိုင်းတောင်၏ ၃၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ်၌ ထင်းမီးဖိုဖြင့် ဝက်စာအိုးတည်ထားရာမှ အနီးရှိဝါးထရံသို့  မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟိုပင်နယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီတွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါ မီးလောင်မှုကြောင့် ၃၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံး၊ ၃၀x၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၁၀x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် မီးဖိုဆောင် တစ်လုံး၊ ၁၀x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်စပါးကျီ တစ်လုံး၊ စုစုပေါင်း နေအိမ် နှစ်လုံး၊ မီးဖိုဆောင် တစ်လုံးနှင့် စပါးကျီ တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ အိမ်ရှင် ဒေါ်ဆိုင်းတောင်အား ဟိုပင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,