ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / July 23, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၁ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မိုးကောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မိုးကောင်းတံတားထိပ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ညောင်ကုန်းကျေးရွာဘက်မှ မိုးကောင်းမြို့ဘက်သို့ မိုးကောင်းမြို့နယ်၊ ညောင်ကုန်း ကျေးရွာနေ ဆန်းဝေလင်း(၂၆)နှစ် မောင်းနှင်လာသော YGN-11/6G-XXXX PAJERO ခဲရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မိုးကောင်းမြို့မရဲစခန်း၌လည်းကောင်း။
အလားတူ မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာ၊ စိုက်ပျိုးရေးလမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မိုးညှင်းမြို့ဘက်မှ ဘီလူး(မြို့ဟောင်း)ကျေးရွာဘက်သို့ မိုးညှင်းမြို့၊ အရှေ့စု(၃)ရပ်ကွက်နေ စိုင်းလှမ်လင်းဆိုင်(၃၃)နှစ် မောင်းနှင်လာသော MDY-12/7H-XXXX TOYOTA RAV 4 အဖြူရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် မိုးညှင်းမြို့မရဲစခန်း၌ လည်းကောင်း ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
