ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁)၊ မန်ခိန် ရွှေစက်လမ်းတွင် မီးလောင်မှု
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁)၊ မန်ခိန် ရွှေစက်လမ်းတွင် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / May 14, 2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁)၊ မန်ခိန် ရွှေစက်လမ်း၊ အိမ်အမှတ် (၁၄၁)တွင် ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့၊ ၁၆၄၁ အချိန်ခန့်က ပိုင်ရှင် ဒေါ်ခေါဆန့်၏ ၃၀x၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် ၂ ထပ် နေအိမ်အဆောက်အဦတွင် လျှပ်စစ်မိန်းဘုတ်ခုံ အပူ လွန်ကဲရာမှ အနီးရှိခန်းစီးလိုက်ကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၃ စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ ၁၆၅၈ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ်အဆောက်အဦ ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဒေါ်ခေါဆန့်အား မြစ်ကြီးနားမြို့နယ်၊ ပလန နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။