ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ တနိုင်းမြို့နယ်၊ ဆွတ်ငိုင်ရပ်ကွက်တွင် နေအိမ်မီးလောင်မှု
ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ တနိုင်းမြို့နယ်၊ ဆွတ်ငိုင်ရပ်ကွက်တွင် နေအိမ်မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / June 26, 2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ဆွတ်ငိုင်ရပ်ကွက်တွင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၄ ရက်နေ့၊ ၁၁၃၀ အချိန်ခန့်၊ ပိုင်ရှင်ဒေါ်ကြည်ဌေး ၏ (၃၅x၂၅) ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ (၁) ထပ်နေအိမ်တွင် အိမ်နောက်ဖေး ခေါင်မိုးပေါ် တပ်ဆင်ထားသော ဆိုလာပြားအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တနိုင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ ၁၂၀၀ အချိန် မီးငြိမ်းခဲ့ပါသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်(၂)လုံး၊ စာကျက်ဆောင်(၁)ဆောင်၊ (၂၅x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ နံကပ်(၂)ထပ်နေအိမ်၏ အပေါ်မိုးများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ကြည်ဌေးအား တနိုင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။