ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ လမ်းသွယ်(၁၃)တွင် နေအိမ်မီးလောင်မှု

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ လမ်းသွယ်(၁၃)တွင် နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / May 24, 2024


     ၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ လမ်းသွယ်(၁၃)တွင် ပိုင်ရှင် ဒေါ်အေးအေးဆွေ၏ ၁၈x၂၇ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၌ အပေါ်ထပ်ရှိအိပ်ခန်းအတွင်း ပန်ကာဖွင့်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၁၈x၂၇ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်အေးအေးဆွေအား မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။