ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သော မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ

ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွင် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားတီထွင်ခဲ့သော မြန်မာကလေးငယ်အဖွဲ့ ပထမဆုရ


Ministry of Information/ Naypyitaw / September 23, 2025
image_latest


ရန်ကုန် စက်တင်ဘာ ၂၂

ဖိလစ်ပိုင်နိုင်ငံတွင် စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိကျင်းပခဲ့သော ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) တွင် မြန်မာ We Are Genius MYANMAR အသင်းသည် AI အသုံးပြု ရှာဖွေကယ်ဆယ်ရေးစက်ရုပ်ကားဖြင့် ပထမဆုရရှိခဲ့‌ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသည်စက်ရုပ်ကားကို သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်သည့်အခြေအနေများတွင် လူဝင်ရောက်ရန် ခက်ခဲ‌သောနေရာများထဲသို့ အလိုအလျောက်သွားလာသောစနစ်ဖြင့် ရှာ‌ဖွေကယ်ဆယ်ရေးပြုလုပ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ပြသမှုဖြင့် အောင်မြင်မှုရရှိခဲ့သည်။

ယင်းပြိုင်ပွဲ၌ We Are Genius MYANMAR အသင်းတွင် မိုးပြည့်စုံကျော် (၁၁ နှစ်)၊ ကျော်ဘုန်းခန့်ဇော် (၁၁ နှစ်)နှင့် ဉာဏ်ကိုး (၁၂)နှစ်တို့သည် ဟောင်ကောင်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစသည့်နိုင်ငံများဖြင့်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိခဲ့‌သည်။

ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု We Are Genius MYANMAR အသင်း၊ ILBC ၊ CIY Club တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အာကာလင်း

HOT NEWS
January 4,