ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 08, 2022


ဘားအံ - အောက်တိုဘာ (၆)

“ပညာရေးပြုပြင်ပြောင်းလဲမှု-ဆရာများကအစပြု” ဆောင်ပုဒ်ဖြင့် ကရင်ပြည်နယ် ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ်အခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ဘားအံမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများက မြတ်ဆရာ တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဖတ်ကြားသည်။

ထို့နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို ကရင်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးဒေါ်နန့်စယ်လီလှိုင်က ဖတ်ကြားပြီး အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက “ဆရာ့ဂုဏ်အင်” စာတမ်းကိုဖတ်ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပြိုင်ပွဲ များတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့်ဘားအံမြို့ပေါ်ရှိကျောင်းအုပ်ဆရာကြီးများက ဆရာ့ဂုဏ်ရည် သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်လာသော ဆရာ/ဆရာမများ၊ ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။

 

HOT NEWS
January 4,