ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်စိုက်ပျိုး

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲသို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်စိုက်ပျိုး


Ministry of Information/ ချင်းပြည်နယ် / June 05, 2020
image_latest


ဟားခါး       ဇွန်       ၅

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမာ္ဘ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ဆက်စပ်လျက်ရှိသော ဦးစီးဌာနများမှ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ တက်ရောက် စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ဂေဟစနစ်ကိုထိန်းသိမ်းသည့်အနေဖြင့် နှစ်ရှည်ပင်များနှင့် ပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းပေးသည့် သစ်စေ့ပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် မိုးရာသီကာအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ဟားခါးမြို့နယ် သစ်တောဦးစီးဌာနနှင့်ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် ရေသင်းဝေ၊ မိုင်းဘော၊ ချယ်ရီ၊ ရှားနက်၊ ယူကလစ်၊ ခါတော်မီနှင့် စိန်ပန်းပြာ ပျိုးပင် အမျိုးအစား(၇)မျိုးကို အခမဲ့ဖြန့်ဝေစိုက်ပျိုးလျက်ရှိပြီး ဆက်လက်၍ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)

HOT NEWS
January 4,