ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပဒေသာကပွဲများအား ကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပဒေသာကပွဲများအား ကြည့်ရှုအားပေး
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / December 24, 2022

ဘားအံ - ဒီဇင်ဘာ (၂၃)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းတွင် ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပသည့် ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ပဒေသာကပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် ကရင် အနုပညာရှင်များအဖွဲ့(KCO)၏ သီဆိုဖျော်ဖြေမှုများ၊ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြဖျော်ဖြေကြသည့် ကရင်ရိုးရာ ယဉ်ကျေးမှုဒုံးအဖွဲ့များ၊ မူလတန်းကြိုကျောင်းများမှ ရင်သွေးငယ်များ၏ ကပြဖျော်ဖြေမှုများ၊ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ၏ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ဝတ်စား ဆင်ယင်မှုဝတ်စုံရှိုး(ပြပွဲ)များ၊ ကရင်ရိုးရာယဉ်ကျေးမှုတူရိယာများ တီးခတ်သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။