ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာမူလတန်းထက်ဆင့် Grade-5 အင်္ဂလိပ်စာ မြို့နယ်အဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးမှုအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာမူလတန်းထက်ဆင့် Grade-5 အင်္ဂလိပ်စာ မြို့နယ်အဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးမှုအား ကြည့်ရှုအားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / March 28, 2023


ဘားအံ - မတ် (၂၈)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ် လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ ပြည်နယ် ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ဘားအံမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာမူလတန်း ထက်ဆင့် Grade-5 အင်္ဂလိပ်စာ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးနေမှုအား သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူပြ၊ ဒု-မူပြ၊ လ/ထမူပြနှင့် မူအုပ် ဆရာ၊ဆရာပေါင်း ၄၈၀ ဦးအား နည်းပြ၊ကြီးကြပ် ဆရာ၊ ဆရာမ ၂၁ ဦးဖြင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပို့ချမှုအား လှည့်လည်ကြည့်ရှုအားပေးရာ ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်နှင့်တာဝန်ရှိသူများက ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးမှုအခြေအနေများအား ရှင်းလင်းတင်ပြကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က အားကစားနည်းများအလိုက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များလမ်းညွှန်မှာ ကြားသည်။

ဘားအံမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများကို မတ်လ ၂၀ ရက်နေ့မှစ၍ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ရေကူး အစရှိသောအားကစားနည်း ၁၂ မျိုးကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသား၊သင်တန်းသူ ၆၁၄ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့မဘောလုံးကွင်းအတွင်း မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တည်ဆောက်နေမှုအခြေအနေနှင့် ကမ်းနားလမ်းတစ်လျှောက် ရေကစားမဏ္ဍပ်များတည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲ(ကြီး၊လတ်၊ငယ်၊မူ)တန်းများ ဖြေဆိုနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်ကမ္မဌာန်းကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ အဂ္ဂမဟာကမ္မဌာနစရိယ ဘဒ္ဒန္တသုဇာတ အမှူးပြုသော ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရဓမ္မာစရိယနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲတွင် သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ်စုစုပေါင်း ၁၁၀၇ ပါး ဝင်ရောက်ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

 

HOT NEWS
January 4,