ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / March 30, 2023


 

ဘားအံ မတ် ၃၀

၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဖာပွန်မြို့နယ်ဘောလုံးအသင်းနှင့် ဘားအံမြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘောလုံးအားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ ပွဲစဉ်တွင် ပွဲကစားချိန်မိနစ်(၉၀)နှင့်အချိန်ပိုမိနစ်(၃၀)ထိ တစ်ဖက် ၂ ဂိုးစီဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြကာ ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ဘားအံမြို့နယ်ဘောလုံးအသင်းက ၇ ဂိုး ၆ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရား သူကြီးဒေါ်ခင်စိမ်းဝင်းနှင့်ဦးညွန့်လင်းတို့က ကြက်ခြေနီတပ်ဖွဲ့နှင့်ဒိုင်အဖွဲ့တို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဥက္ကဋ္ဌလမ်းဦးစီးဌာနညွှန်ကြားရေးမှူးဦးအောင်ညိုက ဗိုလ်လုပွဲနေ့အကောင်းဆုံး အားကစားဆုရရှိသူအားလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးကျော်စိုးက တတိယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကိုလည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က ဒုတိယဆုရရှိသောဖာပွန်မြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကိုလည်းကောင်း၊ တိုင်းရင်းသား ရေးရာဝန်ကြီးဦးစန်းကိုက ပထမဆုရရှိသောဘားအံမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲ ဆုများကိုလည်း ကောင်း၊လူမှုရေးရာဝန်ကြီးဦးစိုးလွင်က နေရာအလိုက်အကောင်းဆုံးအားကစားဆုနှင့် ပွဲစဉ်တစ် လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသူများကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းက စတုတ္ထဆုရရှိသော မြဝတီမြို့နယ်ဘောလုံးအသင်းအား ငွေသားဆု(၁၀)သိန်းကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က တတိယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်အသင်းအား ငွေသားဆု(၁၅)သိန်းနှင့် ဆုဖလားကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းက ဒုတိယဆုရဖာပွန်မြို့နယ် အသင်းအား ငွေသားဆုသိန်း(၂၀)နှင့်ဆုဖလားကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ်ဘောလုံးအသင်းအား ငွေသားဆု(၂၅)သိန်းနှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

အလားတူ ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက် ဇွဲမာန်လွင်ဈေး ဖွင့်ပွဲအခမ်းအနားကို မတ်လ ၃၀ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါဈေးတည်နေရာ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် လှာကမြင်ဈေး၊ မာန်အောင်ဈေး၊ မြို့မ(သားငါး)ဈေး၊ တောင်ဝိုင်းမင်္ဂလာဈေးတို့ကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သကဲ့သို့ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၇၉ ဒဿမ ၁၄ သန်းဖြင့် ဘားအံမြို့၊ အမှတ်(၇)ရပ်ကွက်၊ မန်းဘခိုင်လမ်းတွင် Steel structure ဈေးရုံသစ်( ၈၂ပေ x ၅၂ပေ)တစ်လုံး၊ ဟင်းသီးဟင်းရွက်ပျံကျနေရာ ၇၈၃၂ စတုရန်းပေ၊ အုတ်ခုံခံချိန်းလင့်ခြံစည်းရိုး (၂၁၁)ပေ၊ ၄ လက်မစက်ရေတွင်းတစ်တွင်း၊ နှစ်ခန်းတွဲသန့်စင်ခန်းတစ်လုံးတို့ကို တည်ဆောက်ပြီးစီး၍ ဂုဏ်ယူစွာ ထပ်မံဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်းနှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဇွဲမာန်လွင်ဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဈေးသစ်ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်း အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ဆက်လက်၍ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဈေးသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဈေးအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့နယ်အတွင်းရှိ မသန်စွမ်းမှုအမျိုးအစား အလိုက် မသန်စွမ်းမှတ်ပုံတင်ရရှိထားသော မသန်စွမ်းသူများအား မသန်စွမ်းမှတ်ပုံတင်နှင့် ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို နံနက် ၁၀ နာရီခန့်က ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘားအံမြို့ပေါ်ရပ်ကွက်များမှ မသန်စွမ်းသူ ၁၀၀ ဦးအား ပထမအကြိမ်အဖြစ် မသန်စွမ်းမှတ်ပုံတင်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ပေးအပ်နိုင်ခဲ့ပြီး တစ်ဦးလျှင် သုံးသောင်းနှုန်းဖြင့် ကျပ်သိန်းသုံးဆယ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုထပ်မံ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဘားအံမြို့နယ်ကျေးရွာအုပ်စုများမှ မသန်စွမ်းသူမှတ်ပုံတင်ထုတ်ပေး ထားသော ၃၇၁ ဦးအတွက် မသန်စွမ်းထောက်ပံ့ငွေကျပ် တစ်ဆယ့်တစ်သိန်းသုံးသောင်းကို လက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံမြို့နယ်အတွင်းရှိ မသန်စွမ်းမှတ်ပုံတင်ရရှိထားသူ ၃၇၁ ဦးအတွက် မသန်စွမ်းထောက်ပံ့ငွေ ၁၄၁ သိန်း ၃ သောင်းအား ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးထင်ထံ ထောက်ပံ့ပေး အပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရာလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က မသန်စွမ်းမှတ်ပုံ တင်များပေးအပ်ကာ အခမ်းအနားသို့တက်ရောက်လာသော ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ မသန်စွမ်းသူများအား မသန်စွမ်းထောက်ပံ့ငွေ သုံးသောင်းကျပ်စီနှင့် အာဟာရဖြည့်စွက်အစားအစားများထောက်ပံ့ ပေးအပ်ခဲ့ပါသည်။