ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / July 02, 2024


ဘားအံ ဇူလိုင် ၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ ရသဝေါ်အင်း ဘက်စုံစိမ်းလန်းစိုပြည်ရေးအတွက် မြေသားတာဘောင်လုပ်ငန်း၊ အဝင်လမ်းနှင့်ကန်ပတ်လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသဝေါ်အင်းအဝင်လမ်းကွန်ကရစ်ခင်းခြင်း ၀ ဒဿမ ၇ မိုင်၊ ကန်ပတ်လမ်းအပိုင်း(၁)မြေ သား တာဘောင်ဖို့ခြင်း ၇ ဒဿမ ၃ ဖာလုံ၊ အပိုင်း(၂)မြေသားတာဘောင်ဖို့ခြင်း ၄ ဒဿမ ၇ ဖာလုံနှင့် Box Culvert(၈) စင်းတည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် အင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးစိုက်ပျိုးမည့်ပျိုးပင်များကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ တိုးချဲ့ပြင်ပလူနာ ဆောင်(၃၈ x ၃၀) RC နှစ်ထပ်အမျိုးအစားတည်ဆောက်ရေးလုပ်ငန်း၊ လူနာစောင့်များနားနေဆောင် (30'x40'x9') steel structur အမျိုးအစားတည်ဆောက်ပြီးစီးမှု၊ ဆေးရုံအဝင်မုခ်ဦးတိုးချဲ့တည်ဆောက်နိုင်ရေးနှင့် Canteen တည်ဆောက်မည့်မြေနေရာတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရ မြင့်သူနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄၊ ၆၊ ၇)ရပ်ကွက် မြို့ပတ်လမ်းသစ် ဖောက်လုပ်ခြင်းလုပ်ငန်း အမှတ်(၇)ရပ်ကွက် မန်းဘဇံလမ်းအား အကျယ်(၃၀)ပေ၊ အရှည်ပေ (၁၀၀၀)၊ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်းနှင့် လမ်းဘေးဝဲယာမြောင်းဖုံးပါအုတ်စီရေမြောင်းပြုလုပ်ခြင်း၊ အသစ်ဆောက်လုပ်သည့် ( အလျား ၂၅ ပေ x အနံ ၄၀ပေ x အမြင့်၁၄ပေ)ရှိ တံတားအမှတ်(၁) ပြီးစီးမှုအခြေအနေ၊ အမှတ်(၆) ရပ်ကွက်ရှိ အဆင့်မြင့်တင်ဆောင်ရွက်သည့် (အကျယ် ၃၀ပေ၊ အလျား ၈၀၀ပေ၊ ထု ၆ လက်မ)ရှိ ကွန်ကရစ်အပိုင်း(၃)ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးသူရမြင့်သူ၊ အင်ဂျင်နီ ယာမှူးကြီးဦးစိုးလွင်တို့က မြို့ပတ်လမ်းသစ်ဖောက်လုပ်ရာတွင် ပါဝင်သည့်လုပ်ငန်းစဉ်များ၊ တံတားနှင့် Box Colvert များထည့်သွင်းတည်ဆောက်နေမှုနှင့် မြို့ပတ်လမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်း အပိုင်း(၁) ၅၀ ရာခိုင်နှုန်းပြီးစီးမှု၊ အပိုင်း(၂) ၃၀ ရာခိုင်နှုန်းပြီးစီးမှုနှင့်အပိုင်း(၃) ၇၀ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ မြို့ပတ်လမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းအား သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီးပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။