ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံများ၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက္ကသိုလ်၊ဒီဂရီကောလိပ်၊သိပ္ပံများ၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေး
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 09, 2025

ဘားအံ ဇွန် ၉
ကရင်ပြည်နယ်အတွင်း ယခုနှစ်ဇွန်လဆန်းပိုင်းမှစ၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများနှင့် အခြေခံပညာကျောင်းများကိုစတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့် တာဝန်ရှိသူများသည် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ကျောင်းသား၊ကျောင်းသူများ၏ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်၌ ကျောင်းသား၊ကျောင်းသူများ၏ ပညာသင်ကြားနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများက ကြိုဆိုနှုတ်ဆက်၍ ဘားအံတက္ကသိုလ်တွင် ပါရဂူတန်း၊ မဟာဘွဲ့၊ မဟာအရည် အချင်းစစ်၊ ဂုဏ်ထူးတန်းများအပါအဝင် ကျောင်းသား၊ကျောင်းသူ ၁၆၈၀ ဦး တက်ရောက်ပညာသင်ကြားနေမှု အခြေ အနေများကိုရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်ကြား၊သင်ယူနေမှုအခြေအနေများကိုလိုက်လံကြည့်ရှု အားပေးကာ တက္ကသိုလ်၏ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် လူသားအရင်းအမြစ်များပြုစုပျိုး ထောင်မွေးထုတ်ပေးနိုင်ရေး၊ တက္ကသိုလ်ရှိဘာသာရပ်များအလိုက် အရည်အသွေးဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်၊ ဒုတိယ နှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်နှင့် Dip.EP(ပြင်ပပုဂ္ဂိုလ်)သင်တန်းများတွင် သင်တန်းသား၊သင်တန်းသူ၊ ဆရာ၊ဆရာမ စုစုပေါင်း ၇၆၀ ဦး တက်ရောက်ပညာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးရာ ကျောင်းအုပ် ဆရာမကြီး နှင့်တာဝန်ရှိသူများက သင်ကြားသင်ယူနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် က ဆရာ၊ဆရာမလောင်းလျာများကို ထူးချွန်ထက်မြတ်အောင် အားသွန်ခွန်စိုက်သင်ကြားပြသပေးစေလိုကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့် မိမိသင်ကြားနေသည့်ဘာသာရပ်ကို အမှန်တကယ်ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးနိုင်ရန် မိမိတို့ကိုယ်တိုင်လည်း အမှန်တကယ်တတ်ကျွမ်းအောင်လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း မှာကြားကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ်(ဘားအံ)တွင် မြို့ပြအင်ဂျင် နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ စသည့် ဘာသာရပ်(၄)ခုတွင် ကျောင်းသားကျောင်းသူ ၂၄၀ ဦး တက်ရောက်ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်ဇော်လတ်က သင်ကြားသင်ယူနေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ပြီး ပညာရပ်ပိုင်းဆိုင်ရာများတိုးတက်အောင်ဆောင်ရွက်၍ အရည်အသွေးပြည့်မီသော မျိုးဆက်သစ်အင်ဂျင်နီယာကောင်းများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၏ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူ ၈၄ ဦး တက်ရောက်ပညာသင်ကြားနေမှုအခြေအနေများကို ကြည့်ရှုအားပေးရာ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက သင်ကြား၊သင်ယူနေမှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမြဲတီထွင်ကြံဆနိုင်သော၊ အရည်အချင်းပြည့်ဝသော ပြည်နယ်၏စိုက်ပျိုး မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊သဲတစ်ပွင့်အနေဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေး မွေးမြူရေး စနစ်ကောင်းများကိုဖော်ဆောင်ပေးနိုင်သော ပညာရှင်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း မှာကြား ကာ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။