ကရင်ပြည်နယ်ဝန်ကြီးချုပ်ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့်စားသောက်ကုန်ပစ္စည်းများပေးအပ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့်စားသောက်ကုန်ပစ္စည်းများပေးအပ်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / July 29, 2025


ဘားအံ - ဇူလိုင် (၂၉)

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေချောင်းရေများမြင့် တက်လာပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာကာ ဆက်လက်နေထိုင်ရန်မသင့်တော် တော့သည့်အတွက် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေး၍ စားသောက်ကုန်ပစ္စည်းများနှင့်ဆန်ရိက္ခာဖိုးငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်ပရိဝုဏ်တွင် ယာယီပြောင်းရွှေ့ နေရာချထားသော ရေဘေးသင့်အိမ်ထောင်စုများနှင့်သွားရောက်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီပြောင်းရွှေ့ နေထိုင်စဉ်ကာလအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို တာဝန်ကျအဖွဲ့များနှင့် ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် ၊ အလှူရှင်များကလည်း လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးရင်းနှီးချစ်ကြည်စွာဖြင့် အေးချမ်းပျော်ရွှင်စွာနေထိုင်သွားကြစေလိုကြောင်း အားပေးစကားပြောကြား ကာ အိမ်ထောင်စု ၂၂၈ စု၊ လူဦးရေ ၁၁၉၁ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့မှချီးမြှင့်သော ဆန်၊ ဆီ၊ ကြက်ဥ စားသောက်ကုန်ပစ္စည်းများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ချီးမြှင့်သော ဆန်ရိက္ခာဖိုးငွေ (၅၉၅၅၀၀ဝိ/-) ငါးဆယ့်ကိုးသိန်းငါးသောင်းငါးထောင်ကျပ် တို့ကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြီးရေလျှံမှုကြောင့် အနိမ့်ပိုင်းလူနေရပ်ကွက်များတွင် မွေးမြူထားရှိသော နွားများအား ကုန်းမြင့်ပိုင်း မြို့မဘောလုံးကွင်းအတွင်းပြောင်းရွှေ့မွေးမြူထားရှိမှုအား သွားရောက် ကြည့်ရှုရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီက တိရစ္ဆာန်များအား ကျန်းမာရေး စောင့်ရှောက်ပေးထားမှုနှင့် အစာအာဟာရများဖြည့်ဆည်းဆောင်ရွက်ပေးထားမှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပိုင်ရှင် ၁၇ ဦး၏ နွား ၇၅ ကောင်အတွက် အာဟာရဆားခဲ ၁၄ ခဲ၊ အစာတောင့် ကီလို ၅၀ အိတ် ၃ အိတ် တို့ကို အခမဲ့ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံ အားကစားခန်းမ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌ အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၁၀၀)၊ ဘားအံတပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပြောင်းရွှေ့နေထိုင်သော ရေဘေးသင့် အိမ်ထောင်စုများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး ပြီး အိမ်ထောင်စု ၂၀၃ စု၊ လူဦးရေ ၉၆၃ ဦးတို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့မှချီးမြှင့်သော ဆန်၊ ဆီ၊ ကြက်ဥ စားသောက်ကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှချီးမြှင့်သောဆန်ရိက္ခာဖိုးငွေ(၄၈၁၅၀၀ဝိ/-)လေးဆယ့်ရှစ်သိန်းတစ်သောင်းငါးထောင်ကျပ် တို့ကိုချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ မိုးလုံလေလုံအားကစားခန်းမအတွင်း ယာယီပြောင်းရွှေ့နေရာချထားပေးသော ရေဘေးသင့်အိမ်ထောင်စု ၃၀၁ စု၊ လူဦးရေ ၁၃၉၈ ဦးတို့အား သွားရောက်တွေ့ဆုံအားပေး၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သော ဆန်၊ ဆီ၊ ကြက်ဥ စားသောက်ကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ချီးမြှင့်သောဆန်ရိက္ခာဖိုးငွေ(၆၉၉၀၀၀ဝိ/-) ခြောက်ဆယ့်ကိုးသိန်းကိုးသောင်းကျပ်တို့ကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ကျောင်းတွင် ယာယီပြောင်း ရွှေ့နေထိုင်သော အိမ်ထောင်စု ၈၃ စု၊ လူဦးရေ ၃၈၇ ဦးတို့အား သွားရောက်တွေ့ဆုံအားပေး၍ ကရင်ပြည်နယ် အစိုးရအဖွဲ့မှချီးမြှင့်သော ဆန်၊ ဆီ၊ ကြက်ဥ စားသောက်ကုန်ပစ္စည်းများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ချီးမြှင့်သောဆန်ရိက္ခာဖိုးငွေ(၁၉၃၅၀၀ဝိ/-) တစ်ဆယ့်ကိုးသိန်းသုံးသောင်းငါးထောင်ကျပ်တို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။