ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 01, 2025


ဘားအံ အောက်တိုဘာ ၁

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်၍ ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန် နိုင်ငံတော် မှ ရုပ်ဝတ္ထုပစ္စည်းပံ့ပိုးမှုများ ဖြည့်ဆည်းပေးနေသကဲ့သို့ တပ်ဖွဲ့ဝင်များကလည်း စိတ်ပိုင်းဆိုင်ရာခံယူချက်၊ ယုံကြည် ချက်ဖြင့် အမိနိုင်ငံတော်နှင့်ရဲတပ်ဖွဲ့အတွက် ပေးအပ်သည့်တာဝန်များကို ဦးလည်မသုန်ထမ်းရွက်နိုင်သည့်တပ်ဖွဲ့ဝင် ကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးအေးသိန်းက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးညွန့်လင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်တို့က တစ်နှစ်တာအတွင်း ထူးချွန် စွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများနှင့် အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို အတူတကွကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုမှတ်တမ်း၊ ပြည်နယ်ရဲတပ်ဖွဲ့မိသားစုစည်းရုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဆောင်ရွက်မှုမှတ်တမ်း၊ အမှတ်(၂၂)လုံခြုံ ရေးရဲတပ်ဖွဲ့ခွဲ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ အမှတ်(၃၁)မူးယစ်တပ်ဖွဲ့စု၊ အမှတ်(၈)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲတို့၏ လုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းပညာပေးပြခန်းယာဉ်တို့အား လှည့်လည်ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

အလားတူ ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရန် ကရင်ပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်း များတွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် အဓိကအခြေခံ ကျသည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြသူများဖြစ်ပြီး တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း အားနည်း ချက်အားသာချက်များကိုပြန်လည်သုံးသပ်၍ စိတ်စေတနာထားကာ လုပ်ငန်းတာဝန်များကိုထမ်းဆောင်ကြစေလို ကြောင်း၊ မကြာမီကာလအတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ပြီး ပထမအကြိမ်မဲစာရင်းများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိရာ အခြေခံမဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး၊ မဲစာရင်းဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ဆောင်ရွက် ရာတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရွေးကောက်ပွဲဆိုင်ရာများကို ရှင်းလင်းပြောကြားကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး အစရှိသည့် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

HOT NEWS
January 4,