ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး Electrician Building Level-1 အကဲဖြတ်စစ်ဆေးခြင်းကို ကြည့်ရှုအားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး Electrician Building Level-1 အကဲဖြတ်စစ်ဆေးခြင်းကို ကြည့်ရှုအားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 03, 2025


ဘားအံ အောက်တိုဘာ ၃

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့၏ ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေး ရေး အစီအစဉ်အရ Electrician Building Level-1 အကဲဖြတ်စစ်ဆေးခြင်းကို စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တို ဘာလ ၄ ရက်နေ့ထိ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ဘားအံ)၊ လျှပ်စစ်ကျွမ်းကျင်လုပ်သား(အဆောက် အဦ)အကဲဖြတ်စစ်ဆေးရေးဌာနတွင် စစ်ဆေး အကဲဖြတ်လျက်ရှိရာ အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လာရောက်စစ်ဆေးခံယူကြသော ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ) မှ သင်တန်းသား(၅)ဦး၊ပြင်ပဖြေဆိုသူ (၄) ဦး၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ဖြေဆိုသူ (၁) ဦးနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း ကျောင်းမှဖြေဆိုသူ (၁၅) ဦး စုစုပေါင်း (၂၅) ဦးတို့အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံအားပေး၍ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့၏ Electrician Building Level-1 အကဲဖြတ်စစ်ဆေးခြင်းကို ကြည့်ရှုအားပေး ကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ယခုကဲ့သို့ ကျွမ်းကျင်မှုအကဲဖြတ်စစ်ဆေးအောင်မြင်ပြီးပါက National Skills Standards Authority မှ အသိအမှတ်ပြုလက်မှတ်ဖြစ်သော Electrician (Building) Level-1 လက်မှတ်ကို ရရှိမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ(ဗဟိုအဆင့်)သို့ သွား ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များအား တွေ့ဆုံအားပေး၍ ချီးမြှင့်ငွေပေးအပ်သည့်အခမ်းအနားကို အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲဝင်များ အနေဖြင့် ကရင်ပြည်နယ်ဂုဏ်ဆောင် ရွှေတံဆိပ်ဆုများကိုရရှိရန်အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ သို့သွားရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ငွေကျပ် ၁၃၅၂၀၀၀ဝိ/-(တစ်ရာသုံးဆယ့် ငါးသိန်းနှစ်သောင်းကျပ်)ကို ချီးမြှင့်ပေးအပ်ပြီး ဗဟိုအဆင့်တွင်သွားရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်များက အဆို၊ အက၊ အတီးတို့ဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

HOT NEWS
January 4,