ကရင်ပြည်နယ်ဝန်ကြီးချုပ် သက်မွေးလုပ်ငန်းပညာသင်တန်းများနှင့် AI နည်းပညာအသုံးချမှုသင်တန်းများဖွင့်ပွဲတက်ရောက်
ကရင်ပြည်နယ်ဝန်ကြီးချုပ် သက်မွေးလုပ်ငန်းပညာသင်တန်းများနှင့် AI နည်းပညာအသုံးချမှုသင်တန်းများဖွင့်ပွဲတက်ရောက်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 04, 2026
ဘားအံ မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ) အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂)နှင့်ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင် တန်းအမှတ်စဉ်(၅) သင်တန်းများဖွင့်ပွဲကို မေလ ၄ ရက်နေ့ နံနက် ၈ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် သင်တန်းသူ(၃၀)ဦး၊ ဟိုတယ်ဝန်ဆောင်မှုသင်တန်းတွင် သင်တန်းသူ (၂၀) ဦး စုစုပေါင်းသင်တန်းသူ(၅၀)ဦးတို့က ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့လေ့ကျင့် သင်ကြားသွား ကြမည်ဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားကာ သင်တန်းသူ များအတွက် စားသုံးဆီ၊ အာလူး၊ ကုလားပဲ၊ ကြက်သွန်နီ အစရှိသော အခြေခံစားကုန်များကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြ၍ အခြေ ခံစားကုန်များချီးမြှင့်ပေးအပ်ခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ခင်ကျင်းပြသထား သော သင်ထောက်ကူပစ္စည်းများ၊ ခြေနင်းအပ်ချုပ်စက်သင်တန်းခန်းမ၊ မော်တာအပ်ချုပ်စက်သင်တန်းခန်းမနှင့် အဆိုပါ သင်တန်းကျောင်းမှဖွင့်လှစ်ထားသည့် အပ်ချုပ်ဆိုင်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ် သည်များမှာ ကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်းဖွင့်လှစ်သော AI နည်းပညာအသုံးချမှု သင်တန်း(၁/၂၀၂၆)ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ဘားအံမြို့၊ လူငယ်စင်တာ(Youth Centre) သင်တန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ သင်တန်းသား၊သင်တန်းသူ၊ ဆရာ၊ ဆရာမ ၆၀ ဦးတက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၄၆၄၁၀၀ဝိ/-(လေးဆယ်ခြောက်သိန်း လေးသောင်းတစ်ထာင်ကျပ်)ကို ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌထံ ချီးမြှင့်ပေးအပ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညွှန်ကြားရေးမှူးက သင်ဆန်းဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူး၍ သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်ကြပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များ စက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၏ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၈)၊ လျှပ်စစ်သင်တန်းအမှတ် စဉ်(၁၈)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၇)နှင့်ဂဟေသင်တန်းအမှတ်စဉ်(၁၆) သင်တန်းများဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားပြီး Substainabridge(SB) ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူးက သင်တန်းဆိုင်ရာအချက် အလက်များကိုရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား(၆၀)ဦးတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။
