ကရင်ပြည်နယ်အတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ

ကရင်ပြည်နယ်အတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ


Ministry of Cooperatives and Rural Development/ Nay Pyi Taw / May 26, 2022


နေပြည်တော် မေ ၂၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ပိုင်းက ကရင်ပြည်နယ်အတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ သမဝါယမလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးစိုးသန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ကရင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဒုတိယ ဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများအား လေးစားလိုက်နာကာ လုပ်ငန်းများ ဆောင်ရွက်ကြရန်၊ ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်စေရေး ဝန်ထမ်းအားလုံးက ပူးပေါင်းပါဝင်၍ တက်ကြွစွာဆောင်ရွက် ကြရန်နှင့် ဦးစီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားပြီး ကရင်ပြည်နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးနေသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် ဖြည့်စွက်မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာရှိ သမ္ဘာန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းသို့ ရောက်ရှိကာ Contract Farming စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် ရက်ကန်းသင်တန်းကျောင်းအုပ်ကြီးတို့မှ သင်တန်းကျောင်း၏ အခြေအနေ၊ သင်တန်းပို့ချနေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် သင်တန်းများ၏အခြေအနေ တင်ပြမှု များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး သင်တန်းသားများ၏ လက်တွေ့ဆောင်ရွက်နေသည့် ရက်ကန်းလုပ်ငန်းများ၊ သဘာဝဆိုးဆေးနည်းပညာသင်တန်း ဖွင့်လှစ် ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးမှ ဘားအံမြို့နယ် အိမ်ခြေ (၁၈၆၃) အိမ်၊ လူဦး ရေ (၁၀၃၃၀) ရှိ ထုံးအိုင်ကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ခေတ်မီစံပြကျေးရွာ (SMART Village) များ ထူထောင်ပေးနေပါကြောင်း၊ ယခုအခါ ကရင်ပြည်နယ်အတွင်း အခြေခံမူ (၁၅) ချက်နှင့် ကိုက်ညီသော ကျေးရွာ (၃) ရွာအား  ရွေးချယ်ပြီး ဦးစီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ခေတ်မီစံပြကျေးရွာ (SMART Village) များကို ကျေးရွာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေပြီး ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မား လာစေခြင်း၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက် စီးပွားရေး မြင့်မားလာစေခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေခြင်းနှင့် ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ၏ စွမ်းဆောင်ရည်မြင့်မားလာပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါကြောင်း၊ ဒေသခံများမှလည်း မိမိတို့ရပ်ရွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တက်ကြွစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ လုပ်ငန်း လိုအပ်ချက်များရှိပါကလည်း တင်ပြပေးစေလိုပါကြောင်း ပြောကြားပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ လုပ်ငန်းလိုအပ်များ တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

HOT NEWS
January 4,