ကရင်ပြည်နယ်အတွင်း ရေဘေးနှင့်သဘာဝဘေး လျင်မြန်စွာကူညီနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ထားပြီး ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိ


Ministry of Information/ Naypyitaw / July 26, 2024
image_latest


ရန်ကုန် ဇူလိုင် ၂၅

ကရင်ပြည်နယ်အတွင်း ရေဘေးနှင့် အခြားသောသဘာဝဘေးလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ကူညီမှုများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ စုဖွဲ့ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ထားပြီး ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း-ဘားအံမှ တာဝန်ရှိသူက ပြောကြားသည်။

ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ ကန်သာယာရေပြင်နှင့် ဇွဲကပင်ခန်းမ၌ ကရင်ပြည်နယ်အတွင်း ရေဘေးနှင့် အခြားသောသဘာဝဘေးဖြစ်ပေါ်လာပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ကူညီမှုများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရေဘေးသဏ္ဌာန်တူ ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲ အခမ်းအနား၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မာဃလူမှုကူညီရေး အဖွဲ့နှင့် အရပ်ဘက်လူမှုကယ်ဆယ်ရေးမှ အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများဖြင့် စုဖွဲ့လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - ဘားအံထံမှ သိရသည်။

“ကရင်ပြည်နယ်မှာက ရေကြီးရေလျှံမှု တွေဖြစ်တဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင်၊ အံဝင်ခွင်ကျဖြစ်အောင်၊ ကယ်ဆယ်ရေးတွေဆောင်ရွက်နိုင်အောင် အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်ထားပါတယ်။ ဘားအံမှာ အနိမ့်ပိုင်းဒေသတွေမှာ ရေစဝင်နေပြီ။ မိုးကတော့ထပ်ရွာနေတယ်။ အခြေအနေကိုတော့ စောင့်ကြည့်နေတယ်”ဟု မြန်မာနိုင်ငံလူမှုကူညီရေး အသင်း- ဘားအံမှ တာဝန်ရှိသူက ပြောသည်။

ငါးနေရာဖွင့်လှစ်ထား

လက်ရှိတွင်လည်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရေဘေးကယ်ဆယ်ရေးစခန်း ငါးနေရာဖွင့်လှစ်ထားကြောင်း သိရသည်။

MT