ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဆိုင်ကယ် တိမ်းမှောက်၍ အမျိုးသား တစ်ဦး သေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဆိုင်ကယ် တိမ်းမှောက်၍ အမျိုးသား တစ်ဦး သေဆုံး


Ministry of Home Affairs/ နေပြည်တော် / July 15, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ဆိုင်ကယ် တိမ်းမှောက်၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁၃ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ စက်မှုဇုန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဘားအံမြို့နယ်၊ တောင်ကလေးကျေးရွာရှိ သန့်သန့်ရှင်းရှင်းကုန်းနေရာ၌ ဆိုင်ကယ် တစ်စီး တိမ်းမှောက်၍ အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ဘားအံမြို့နယ်၊ တောင်သူကုန်းကျေးရွာနေ စောအောင်ဌေး(၂၂)နှစ်အား အခင်းဖြစ်နေရာ၌ ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းသည် လှိုင်းဘွဲ့မြို့မှ ဘားအံမြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ် တိမ်းမှောက်၍ ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် စောအောင်ဌေး အား စက်မှုဇုန်နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,