ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အထောက်အထားမဲ့ စက်သုံးဆီများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အထောက်အထားမဲ့ စက်သုံးဆီများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / August 19, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၇ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ အထောက်အထားမဲ့ စက်သုံးဆီများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး ဖမ်းဆီးအရေး ယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၇ ရက် မွန်းတည့် ၁၂ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံလွင်တံတားပူးပေါင်း စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံဘက်မှ ဘားအံဘက်သို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဘိုကုန်းရပ်ကွက်နေ သူရိန်ဖြိုး(၂၅)နှစ် မောင်းနှင်လာသည့် KYN-6/8J-XXXX NISSAN DIESEL ခြောက်ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌ အထောက်အထားမဲ့ တင်ဆောင်လာသည့် ဒီဇယ်ဆီ ၃၆ ပီပါ(၁,၆၉၂ ဂါလန်)၊ အဝါရောင်ပုံး ၄၁ ပုံး (၁၈၄.၅ ဂါလန်)၊ အဖြူရောင်ပုံး ၇ ပုံး (၃၁.၅ ဂါလန်)၊ စုစုပေါင်း ၁,၉၀၈ ဂါလန်အား တင်ဆောင်လာသည်ကို တွေ့ရှိရ၍ သူရိန်ဖြိုး အား မြိုင်ကလေးနယ်မြေရဲစခန်း (ပ)၂၀/၂၀၂၅၊ ရေနံနှင့်ရေနံထွက် ပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
