ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / December 02, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး၍ အသက် ၃ နှစ်မှ ၅ နှစ်အထိ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။