ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှုဖြစ်ပွားသဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု


Ministry of Home Affairs/ Naypyitaw / July 26, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက် နံနက် ၆ နာရီခန့်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာကို ကျော်လွန်၍ ၁၀၈၆ စင်တီမီတာသို့ ရောက်ရှိလာပြီး မြဝတီမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့်  အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅)ရပ်ကွက်များရှိ မြေနိမ့်ပိုင်းလူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြဝတီခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ YAMAHA စက်လှေ နှစ်စီးဖြင့် ကူညီရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဖြစ်စဉ်ကြောင့် အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စု ၇၅ စု၊ လူဦးရေ စုစုပေါင်း ၂၅၇ ဦး တို့အား ရေဘေးလွတ်ရာ “ဟေမာန်ဦး” ဘုန်းတော်ကြီးကျောင်းနှင့် “ဓိဋ္ဌာန်အောင်” ဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စု ၂၇၃ စု၊ လူဦးရေ စုစုပေါင်း ၁၀၈၅ ဦး တို့အား ရေဘေးလွတ်ရာ “တောရ” ဘုန်းတော်ကြီးကျောင်းနှင့် “ဟေမာန်ဦး” ဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စု ၇၃ စု၊ လူဦးရေ စုစုပေါင်း ၂၇၇ ဦး တို့အား ရေဘေးလွတ်ရာ “ဓမ္မရန်အောင်” ဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း၊ အမှတ်(၄) ရပ်ကွက်မှ အိမ်ထောင်စု ၅၀ စု၊ လူဦးရေ စုစုပေါင်း ၁၉၃ ဦးတို့အား ရေဘေးလွတ်ရာ “ကြခတ်တော” ဘုန်းတော်ကြီးကျောင်း သို့လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်မှ အိမ်ထောင်စု ၃၃၇ စု၊ လူဦးရေ စုစုပေါင်း ၁,၄၆၉ ဦးတို့အား ရေဘေးလွတ်ရာ “ကိုးနဝင်း” ဘုန်းတော်ကြီးကျောင်း၊ “ရေပူတောင်ပေါ်” ဘုန်းတော်ကြီးကျောင်းနှင့် “ဖားခြောက်တောင်” ဘုန်းတော်ကြီးကျောင်းသို့ လည်းကောင်း အသီးသီး ကူညီပြောင်းရွှေ့ပေးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,