ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ မြစန္ဒီဂေါက်ကွင်းတွင် ဆိုင်ခန်း မီးလောင်မှု

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ မြစန္ဒီဂေါက်ကွင်းတွင် ဆိုင်ခန်း မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / July 16, 2022


ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ မြစန္ဒီဂေါက်ကွင်းတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ ၀၅ ၄၀ အချိန်ခန့်တွင် ပိုင်ရှင် ဦးစောထွန်းလင်းဦး၏ (၁၂x၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (ကွမ်းယာ/မုန့်ဆိုင်)ဆိုင်ခန်းအတွင်းတွင် အောက်ခံခွက်မပါဘဲ ခြင်ဆေးခွေထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၄ စီးဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ ၀၆၂၀ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် ၂ လုံးနှင့် ဆိုင်ခန်း ၂ ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးစောထွန်းလင်းဦးအား မြဝတီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။