ကရင်သက္ကရာဇ်(၂၇၆၅) ကရင်အမျိုးသားနှစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ပရံ-ကော့မလောက် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ကရင်သက္ကရာဇ်(၂၇၆၅) ကရင်အမျိုးသားနှစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ပရံ-ကော့မလောက် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်


Ministry of Cooperatives and Rural Development/ Naypyitaw / December 10, 2025
image_latest


ဘားအံ  ဒီဇင်ဘာ ၉

         ကရင်သက္ကရာဇ်(၂၇၆၅) ကရင်အမျိုးသားနှစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဘားအံမြို့နယ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇၆၃ ဒသမ ၆၃၉ သန်းဖြင့် DNT ကုမ္ပဏီနှင့် Thanlwin Fiendship ကုမ္ပဏီတို့မှတာဝန်ယူဆောင်ရွက်သည့် ကော့ပရံ-ကော့မလောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါလမ်းပိုင်း၌ ကျင်းပသည်။

         ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကော့ပရံ - ကော့မလောက် ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများနှင့်အတူ လမ်းအားဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။

       ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦများဖြစ်သော လမ်းတံတားများတည်ဆောက်ရာတွင် အတူတကွ ပူးပေါင်းပါဝင်၍ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ် ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသများ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် လက်တွဲညီညီပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။

        ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ဒေသခံပြည်သူများအား တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)